Oppo က k13 ကို ကြေညာလိုက်ပြီး အမိုက်ဆုံး အစိတ်အပိုင်းက 7,000mAh Battery ဖြစ်ပါတယ်။ Battery ကြီးပေမယ့် အထူက ၈.၄၅ မီလီမီတာပဲ ရှိပြီး အလေးချိန်က ၂၀၈ ဂရမ် ရှိပါတယ်။ 80W Charging က ၅၆ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

OPPO Launches K13 Smartphone with Snapdragon 6 Gen 4, 7000mAh Battery, and 120Hz  AMOLED Display for Gamers and Power Users

Oppo K13 မှာ Snapdragon 6 Gen 4 SoC ပါလာပြီး 8GB RAM နဲ့ 128GB or 256GB Storage ထည့်ထားပါတယ်။ Android 15 အခြေပြု ColorOS 15 မောင်းနှင်ထားပါတယ်။

Oppo K13 Launched with 7,000mAh Battery, Snapdragon 6 Gen 4, and 80W  Charging

Display အတွက် 6.67” FullHD+ 120Hz AMOLED သုံးထားပြီး Center Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ အနောက်ကင်မရာ ၂ လုံးက 50MP Main နဲ့ 2MP Depth ဖြစ်ပါတယ်။

လက်အိတ်နဲ့ သုံးနိုင်တဲ့ Glove Mode ၊ AI ကင်မရာ လုပ်ဆောင်ချက်တွေ၊ စတီရီယို စပီကာ ၂ လုံးနဲ့ IP65 Rating ပါလာပါတယ်။ Icy Purple နဲ့ Prism Black အရောင် ထုတ်လုပ်ထားပါတယ်။ 8/128GB နဲ့ 8/256GB Version ၂ မျိုးထုတ်လုပ်ထားပြီး ၂၁၀ ဒေါ်လာနဲ့ ၂၃၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ ၂၅ ရက်နေ့ ရောင်းမှာပါ။

Ref : Gsmarena