စမတ်ဖုန်းအများစုဟာ အပူဒဏ်ကို Passive Cooling စနစ် (အအေးပေးပန်ကာမပါတဲ့စနစ်) နဲ့သာ ထိန်းချုပ်ကြပေမယ့်၊ အသစ်ထွက်ရှိလာတဲ့ Oppo K13 Turbo နဲ့ K13 Turbo Pro တို့ကတော့ အဲဒီပုံစံကို ဖောက်ထွက်ပြီး ဂိမ်းအကြာကြီးဆော့ရင်တောင် Chipset တွေ မပူစေဖို့အတွက် ပန်ကာအသေးစားလေးတစ်ခုကို ထည့်သွင်းပေးထားပါတယ်။

Oppo K13 Turbo and K13 Turbo Pro launch with D8450 and SD 8s Gen 4 chips,  waterproof fans - GSMArena.com news

စွမ်းဆောင်ရည်နဲ့ အအေးပေးစနစ်

Oppo K13 Turbo မှာ Dimensity 8450 Chipset ကို သုံးထားပြီး၊ Oppo K13 Turbo Pro မှာတော့ Snapdragon 8s Gen 4 Chipset ကို အသုံးပြုထားပါတယ်။ ဘယ် Chipset ကိုပဲ ရွေးရွေး၊ တစ်မိနစ်ကို အပတ်ရေ ၁၈,၀၀၀ အထိလည်ပတ်နိုင်တဲ့ micro centrifugal ပန်ကာလေးက အပူကို ထိန်းပေးမှာဖြစ်ပြီး၊ အပူပျံ့နှံ့မှုကို ၂၀% ပိုကောင်းစေပါတယ်။ ဒီဇိုင်းရဲ့ အထင်ကြီးစရာအကောင်းဆုံးအပိုင်းကတော့ ဒီဖုန်းတွေဟာ IPX6, IPX8 နဲ့ IPX9 ရေစိုခံအဆင့်တွေ အပြည့်အဝပါဝင်တာပါပဲ။ ရေထဲနှစ်မြုပ်တာနဲ့ ရေပန်းဒဏ်ကို ခံနိုင်ပါတယ်။

The Oppo K13 Turbo phones are fully waterproof

ဘက်ထရီနဲ့ အားသွင်းစနစ်

ဖုန်းနှစ်မျိုးလုံးမှာ ကြီးမားတဲ့ 7,000mAh ဘက်ထရီတွေ ပါဝင်တဲ့အတွက် အချိန်အကြာကြီး အသုံးခံနိုင်ပါတယ်။ Oppo ကတော့ ဘက်ထရီကို ၅ နှစ်ကြာ စိတ်ပူစရာမလိုဘဲ သုံးနိုင်မယ်လို့ ကြော်ငြာထားပါတယ်။ 80W SuperVOOC အားသွင်းစနစ်က ဘက်ထရီလုံးဝမရှိတဲ့အခြေအနေကနေ နာရီဝက်အတွင်း ၆၈% အထိ ပြန်ဖြည့်ပေးနိုင်ပါတယ်။

Oppo K13 Turbo Series Launched in China with Built-in Cooling Fan | Beebom  Gadgets

Display နဲ့ ကင်မရာ

ဖုန်းနှစ်မျိုးလုံးမှာ 1,280 x 2,800px resolution နဲ့ 120Hz refresh rate ရှိတဲ့ ၆.၈ လက်မ OLED display တွေကို တပ်ဆင်ထားပါတယ်။

ကင်မရာစနစ်ကတော့ အခြေခံအဆင့်မှာပဲရှိပြီး ကျောဘက်မှာ 50MP ပင်မကင်မရာနဲ့ 2MP depth sensor တို့ ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 16MP selfie ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Pro မော်ဒယ်ရဲ့ ပင်မကင်မရာမှာတော့ OIS (ပုံငြိမ်စနစ်) ပါဝင်ပါတယ်။

ဈေးနှုန်းနဲ့ ရောင်းချမယ့်အစီအစဉ်

Oppo K13 Turbo နဲ့ K13 Turbo Pro တို့ကို တရုတ်နိုင်ငံမှာ  ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ ဇူလိုင်လ ၂၅ ရက် (သောကြာနေ့) မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။  ဈေးနှုန်းတွေကို အောက်မှာလေ့လာနိုင်ပါတယ်။

Ref : gsmarena