OPPO က ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ OPPO Pad လို့ နာမည်ပေးထားပြီး ၁၁ လက်မ မျက်နှာပြင် ပါပါတယ်။ Snapdragon 870 Chipset မောင်းနှင်ထားပြီး OPPO Pencil Stylus  ထုတ်လုပ်ပေးထားပါတယ်။ သတ္တုဖရိမ်နဲ့ တည်ဆောက်ထားပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားတဲ့အတွက် ဒီဇိုင်းက ပရီမီယမ်ဆန်ပါတယ်။ အထူက ၆.၉၉ မီလီမီတာပဲရှိပြီး အလေးချိန်က ၅၀၇ ဂရမ် ရှိပါတယ်။

Oppo Pad in its three colors

OPPO Pad မှာ ၁၁ လက်မ LTPS LCD 2560x1600p မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု မြန်ဆန်ပါတယ်။ HDR10 Content ကို ထောက်ပံ့ပြီး မျက်နှာပြင်ပတ်လည်က ဘောင်အထူတွေက တူညီကြပါတယ်။ ဘေးဘက်က ဘောင်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP ကင်မရာ ထည့်သွင်းထားပါတယ်။ OPPO Branding စာလုံးတွေကို ခပ်ကြီးကြီးနဲ့ အနောက်ဘက်မှာ ရေးထိုးထားပြီး Dolby Atmos နဲ့ Hi-Res Audio Certification ထောက်ပံ့တဲ့ စပီကာ ၄ လုံး တပ်ဆင်ထားပါတယ်။

Oppo Pad announced with SD 870, Color OS for Pad and Pencil stylus

33W Fast Charging ပါတဲ့ 8,300mAh ဘက်ထရီ ထည့်သွင်းထားပြီး ColorOS 12 ကို အခြေပြုထားတဲ့ ColorOS for Pad မောင်းနှင်ထားပါတယ်။ အဲဒီ Custom Interface ဟာ Android 11 ကို အခြေပြု ဖန်တီးထားတာ ဖြစ်ပြီး OPPO ဖုန်းတွေနဲ့ တက်ဘလက် အကြားမှာ ဖိုင်တွေ လျှင်မြန်စွာ ပေးပို့တာ၊ Mirroring လုပ်တာတွေအတွက် Multi-screen Collaboration လုပ်‌ဆောင်ချက် ပါပါတယ်။

OPPO Pencil Stylus ဟာ Pressure Sensitivity Level ၄၀၉၆ အထိ ထောက်ပံ့ထားပြီး တက်ဘလက်ကို သံလိုက်နဲ့ ကပ်ထားနိုင်ကာ အားအပြည့်သွင်းထားရင် ၁၃ နာရီ အသုံးခံပါတယ်။ OPPO Pencil Stylus ကို ၄၉၉ ယွမ်နဲ့ သီးခြား ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၁၄၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

OPPO Pad အတွက် အနက်နဲ့ ခရမ်းရောင်တွေအပြင် Limited Artist Edition ကို ထုတ်လုပ်ပေးထားပါတယ်။ အခြေခံ 6/128GB ကို ၂,၂၉၉ ယွမ်နဲ့ အမြင့်ဆုံး 8/256GB ကို ၂,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆၄၀,၀၀၀ နဲ့ ၈၄၀,၀၀၀ ဝန်းကျင် အသီးသီး တန်ကြေးရှိပါတယ်။ တရုတ်မှာ မတ်လ ၃ ရက်နေ့ စတင် ရောင်းမှာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena