OPPO က Reno5 5G စမတ်ဖုန်းကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ဒါတင် မကသေးပါဘူး။ Reno5 Pro 5G ကိုပါ ချပြမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အရင်က မထွက်လာခဲ့သေးပါဘူး။ အခုတော့ Geekbench မှာ PDSM00 မော်ဒယ်နံပါတ်ကို တွေ့လာရပြီ ဖြစ်ပြီး ဒါဟာ Reno5 Pro 5G ဖြစ်နိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ MediaTek Dimensity 1000+ Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ Android 11 OS တွေ ထည့်သွင်းထားပါတယ်။

Oppo phone shines on Geekbench with Dimensity 1000+, looks like the Reno5 Pro 5G

Single-core စမ်းသပ်ချက်မှာ ၂၃၉၂ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၅၈၃၆ မှတ် ရထားပါတယ်။ Geekbench 4.1 နဲ့ စမ်းသပ်ထားတာ ဖြစ်ပြီး အသစ်ထွက်ရှိထားတဲ့ Geekbench 5 ဗားရှင်းနဲ့ မဟုတ်ပါဘူး။Oppo Reno 5 Series Rumoured to Use Unannounced Snapdragon 775G, Snapdragon 860 SoCs | Technology News

Geekbench က ဖုန်းဟာ Reno5 Pro 5G ဖြစ်ဖို့ သေချာသလောက် ရှိပြီး Android 11 ထည့်သွင်းထားတဲ့ OPPO ရဲ့ အစောဆုံး စမတ်ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ Reno5 မှာလည်း Android 11 ပါလာမှာ ဖြစ်ပြီး Chipset က MediaTek Dimensity 800U ဖြစ်ပါတယ်။

Ref : gsmarena