[Zawgyi]
PUBG MOBILE KING OF THE HILL ဂိမ္းၿပိဳင္ပြဲႀကီးကို စက္တင္ဘာလ ၁ ရက္ေန႔ ရန္ကုန္ၿမိဳ႕ရွိ Junction Square Promotion Area တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။ ၿပိဳင္ပြဲႀကီး၏ Title Sponsor အျဖစ္ OPPO Myanmar က ပါဝင္ကူညီထားၿပီး OPPO | PUBG MOBILE KING OF THE HILL ပြဲႀကီးတစ္ပြဲလည္း ျဖစ္သည္။ PUBG MOBILE အေနႏွင့္ ျမန္မာႏိုင္ငံတြင္း E-sports က႑ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေစရန္ႏွင့္ ျမန္မာ E-sports ကစားသမားမ်ားအတြက္ ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲမ်ားတြင္ သြားေရာက္ယွဥ္ၿပိဳင္ႏိုင္ရန္ အားေပးကူညီသည့္ ေျခလွမ္းတစ္ခုအျဖစ္ OPPO | PUBG MOBILE KING OF THE HILL ၿပိဳင္ပြဲႀကီးကို က်င္းပရျခင္းျဖစ္သည္။
ဤၿပိဳင္ပြဲႀကီး၏ အဓိကထူးျခားခ်က္မွာ ၿပိဳင္ပြဲဝင္မ်ားသည္ တစ္ဦးခ်င္းစီ “Solo” အေနႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး Sanhok ေျမပုံတစ္ခုထဲတြင္သာ TPP Mode ျဖင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ ပြဲႀကီးတြင္ ပြဲစဥ္ေပါင္း ၅ ပြဲ တိတိ ပါဝင္သြားမည္ျဖစ္ၿပီး၊ ပြဲစဥ္တစ္ပြဲအတြက္ ကစားသမား ၆၀ ဦးကို လက္ခံသြားမည္ျဖစ္ပါသည္။ စိတ္ဝင္စားသူ ကစားသမားမ်ားအေနျဖင့္ ႀကိဳတင္ စာရင္းေပးထားရန္ မလိုဘဲ ပြဲစဥ္မ်ား မစတင္မီအခ်ိန္တြင္ ၿပိဳင္ပြဲက်င္းပရာေနရာသို႔ တိုက္႐ိုက္လာေရာက္ စာရင္းေပးၿပီး ယွဥ္ၿပိဳင္ႏိုင္မည္ ျဖစ္သည္။ ထို႔အျပင္ PUBG MOBILE ႏွင့္ OPPO Myanmar တို႔ ပူးေပါင္းၿပီး ဇူလိုင္လတြင္ က်င္းပျပဳလုပ္ခဲ့သည့္ COMMUNITY BATTLEGROUNDS အြန္လိုင္းဂိမ္းၿပိဳင္ပြဲတြင္ အႏိုင္ရရွိခဲ့သည့္ ထိပ္ဆုံးအသင္း ႏွစ္သင္းမွ ကစားသမား ၈ ေယာက္သည္လည္း ဤလာမည့္ၿပိဳင္ပြဲ၏ပြဲစဥ္တိုင္းတြင္ ပါဝင္ယွဥ္ၿပိဳင္သြားမည္ျဖစ္သျဖင့္ ထိပ္တန္းဆုရကစားသမားမ်ားႏွင့္ ယွဥ္ၿပိဳင္ႏိုင္မည့္ အခြင့္အေရးလည္း ရရွိမည္ျဖစ္သည္။
ပြဲစဥ္တစ္ပြဲစီတြင္ အႏိုင္ရရွိသူ (Chicken Dinner Winner) တစ္ဦးႏွင့္ Kill အမ်ားဆုံးရရွိသူ (Best Kill) တစ္ဦးစီကို ေ႐ြးခ်ယ္သြားမည္ျဖစ္ၿပီး ဆုေၾကးအေနျဖင့္ တစ္ဦးလွ်င္ အေမရိကန္ေဒၚလာ ၁၀၀ စီ ခ်ီးျမႇင့္သြားမည္ျဖစ္သည္။ ဆုေၾကးေငြအျပင္ အျခား in-game item မ်ား၊ merchandised ပစၥည္းမ်ားကိုလည္း အမွတ္တရလက္ေဆာင္အျဖစ္ ေပးအပ္သြားမည္ျဖစ္သည္။ ဤကဲ့သို႔ေသာၿပိဳင္ပြဲမ်ားကို ျမန္မာႏိုင္ငံ၏ အျခားတိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္မ်ားတြင္ လည္း ဆက္လက္က်င္းပသြားရန္ အစီအစဥ္မ်ားရွိသည္။
ၿပိဳင္ပြဲႏွင့္ ပတ္သက္ၿပီး သတင္းအခ်က္အလက္အေသးစိတ္ကို သိရွိလိုပါက PUBG MOBILE ၏ ျမန္မာႏိုင္ငံ Official Facebook Page www.fb.com/PUBGMOBILE.MM.OFFICIAL ႏွင့္ OPPO Myanmar Facebook Page https://www.facebook.com/oppomyanmar/ တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။
[Unicode]
OPPO | PUBG MOBILE KING OF THE HILL ဂိမ်းပြိုင်ပွဲကြီးကို စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်
PUBG MOBILE KING OF THE HILL ဂိမ်းပြိုင်ပွဲကြီးကို စက်တင်ဘာလ ၁ ရက်နေ့ ရန်ကုန်မြို့ရှိ Junction Square Promotion Area တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကြီး၏ Title Sponsor အဖြစ် OPPO Myanmar က ပါဝင်ကူညီထားပြီး OPPO | PUBG MOBILE KING OF THE HILL ပွဲကြီးတစ်ပွဲလည်း ဖြစ်သည်။ PUBG MOBILE အနေနှင့် မြန်မာနိုင်ငံတွင်း E-sports ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြန်မာ E-sports ကစားသမားများအတွက် နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်နိုင်ရန် အားပေးကူညီသည့် ခြေလှမ်းတစ်ခုအဖြစ် OPPO | PUBG MOBILE KING OF THE HILL ပြိုင်ပွဲကြီးကို ကျင်းပရခြင်းဖြစ်သည်။
ဤပြိုင်ပွဲကြီး၏ အဓိကထူးခြားချက်မှာ ပြိုင်ပွဲဝင်များသည် တစ်ဦးချင်းစီ “Solo” အနေနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Sanhok မြေပုံတစ်ခုထဲတွင်သာ TPP Mode ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပွဲကြီးတွင် ပွဲစဉ်ပေါင်း ၅ ပွဲ တိတိ ပါဝင်သွားမည်ဖြစ်ပြီး၊ ပွဲစဉ်တစ်ပွဲအတွက် ကစားသမား ၆၀ ဦးကို လက်ခံသွားမည်ဖြစ်ပါသည်။ စိတ်ဝင်စားသူ ကစားသမားများအနေဖြင့် ကြိုတင် စာရင်းပေးထားရန် မလိုဘဲ ပွဲစဉ်များ မစတင်မီအချိန်တွင် ပြိုင်ပွဲကျင်းပရာနေရာသို့ တိုက်ရိုက်လာရောက် စာရင်းပေးပြီး ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ ထို့အပြင် PUBG MOBILE နှင့် OPPO Myanmar တို့ ပူးပေါင်းပြီး ဇူလိုင်လတွင် ကျင်းပပြုလုပ်ခဲ့သည့် COMMUNITY BATTLEGROUNDS အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ထိပ်ဆုံးအသင်း နှစ်သင်းမှ ကစားသမား ၈ ယောက်သည်လည်း ဤလာမည့်ပြိုင်ပွဲ၏ပွဲစဉ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သဖြင့် ထိပ်တန်းဆုရကစားသမားများနှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်သည်။
ပွဲစဉ်တစ်ပွဲစီတွင် အနိုင်ရရှိသူ (Chicken Dinner Winner) တစ်ဦးနှင့် Kill အများဆုံးရရှိသူ (Best Kill) တစ်ဦးစီကို ရွေးချယ်သွားမည်ဖြစ်ပြီး ဆုကြေးအနေဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀ စီ ချီးမြှင့်သွားမည်ဖြစ်သည်။ ဆုကြေးငွေအပြင် အခြား in-game item များ၊ merchandised ပစ္စည်းများကိုလည်း အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။ ဤကဲ့သို့သောပြိုင်ပွဲများကို မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် လည်း ဆက်လက်ကျင်းပသွားရန် အစီအစဉ်များရှိသည်။
ပြိုင်ပွဲနှင့် ပတ်သက်ပြီး သတင်းအချက်အလက်အသေးစိတ်ကို သိရှိလိုပါက PUBG MOBILE ၏ မြန်မာနိုင်ငံ Official Facebook Page www.fb.com/PUBGMOBILE.MM.OFFICIAL နှင့် OPPO Myanmar Facebook Page https://www.facebook.com/oppomyanmar/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။