[Unicode]

စွမ်းဆောင်ရည်ကောင်းမွန်သည့် စမတ်ဖုန်းများကို အစဥ်အမြဲထုတ်လုပ်လျက်ရှိသည့် OPPO မှ “Quad Camera, Zoom into Imagination” ခေါင်းစဥ်ဖြင့် OPPO Reno2 | 2F စမတ်ဖုန်းများကို ရန်ကုန်မြို့၊ Melia Hotel Yangon တွင် အောက်တိုဘာ ၂၄ ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပါသည်။ 5x Hybrid Zoom, 20x Digital Zoom, Ultra Dark Mode နှင့် Ultra Steady Video တို့ပါဝင်သော OPPO Reno2 | 2F စမတ်ဖုန်း မိတ်ဆက်ပွဲကို OPPO ၏ Brand Ambassador များဖြစ်သော ပိုင်ဖြိုးသု၊ ပိုင်တံခွန်တို့နှင့်အတူ KOLs များဖြစ်ကြသော အဆိုတော်လွှမ်းပိုင် (Streamer Bo Paing Gyi) ၊ သရုပ်ဆောင် ကျော်ထက်ဇော်၊ ပိုင်အုပ်စိုးအောင်၊ ရှိန်းတင်ထူး၊ မော်ဒယ် ဘုန်းသီရိကျော်၊ ယမင်းမေဦးနှင့် သဇင်ထူးမြင့်၊ OPPO Myanmar မှတာဝန်ရှိသူများ၊ O fan များ၊ သတင်းမီဒီယာများရှေ့တွင် ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးခဲ့ပါသည်။ Reno2 နှင့် Reno2 F စမတ်ဖုန်းများသည် အသုံးပြုသူကို နောက်ဆုံးပေါ် ဓာတ်ပုံနှင့် ဗီဒီယိုများအသုံးပြုကာ အကန့်သတ်မဲ့ ဖန်တီးနိုင်စွမ်းကို ပေးစွမ်းနိုင်ရန်အတွင် ရည်ရွယ်ထုတ်လုပ်ပေးလိုက်ခြင်း ဖြစ်ပါသည်။

အသစ်မိတ်ဆက်ပေးလိုက်သော Reno2 ကို ခမ်းနားကျော့ရှင်းသော Luminous Black နှင့် ပင်လယ်သမုဒ္ဒရာများ၏ ထူးခြားသိမ်မွေ့သော အရောင် Ocean Blue တို့ဖြင့် ရရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ (၇၉၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း၊ Reno2 F ကို ဂန္ထဝင်ဆန်သော Sky White နှင့် စိမ်းစိုတောက်ပသည့် Lake Green တို့ဖြင့်ရရှိနိုင်မည်ဖြစ်ပြီး မြန်မာငွေ (၅၂၉,၉၀၀) ကျပ်ဖြင့်လည်းကောင်း အသီးသီးရရှိနိုင်မည်ဖြစ်သည်။ စမတ်ဖုန်းနှစ်မျိုးလုံးကို အောက်တိုဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး နိုဝင်ဘာလ (၂) ရက်နေ့မှ စတင်ကာ ပြည်တွင်းတွင် ရောင်းချပေးသွားမည်ဖြစ်သည်။ ကြိုတင်မှာယူသူများအတွက် မေတ္တာလက်ဆောင်အဖြစ် OPPO ခရီးဆောင်အိတ်များကို ပေးအပ်သွားမည်ဖြစ်သည်။

အသစ်ထွက်ရှိလာသော စမတ်ဖုန်းများဖြစ်သည့် OPPO Reno2 | 2F တို့သည် ခေတ်သစ်နည်းပညာများကို အသုံးချကာ အနုပညာလက်ရာကောင်းများကို ဖန်တီးရင်း အိပ်မက်များကို အကောင်အထည်ဖော်လိုသည့် လူငယ်များအတွက် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ ဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးရာတွင် အရည်အသွေးပိုမိုကောင်းမွန်လာစေရန်အတွက် full focal length imaging system ကိုထောက်ပံ့ပေးမည့် ကင်မရာ (၄)လုံးကို တပ်ဆင်ပေးထားသည်။ Snapdragon 730G နှင့် MediaTek Helio P70 တို့ အသီးသီးပါဝင်သော ဤစမတ်ဖုန်းများသည် 8GB RAM ဖြင့် စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး ဂိမ်းကစားခြင်းနှင့် အခြားဖျော်ဖြေရေး အသုံးပြုမှုများအတွက်လည်း Dolby Atmos® equalizer ပါဝင်သည်။

စိတ်ကြိုက်အနေအထားဖြင့် ဓာတ်ပုံများ ရိုက်ကူးနိုင်သော Reno2 ၏ Zoom Feature များ

OPPO Reno2 တွင် လိုအပ်သလို ချောမွေ့စွာ Zoom ရယူနိုင်စေရန် 5x Hybrid Zoom နှင့် 20x Digital Zoom တို့ထည့်သွင်းထားသည်။ Ultra Dark Mode တွင် အားကောင်းသော NPU နှင့် OPPO ၏ ပြည့်စုံကောင်းမွန်သော algorithms များပါဝင်ထားပါသည်။ hardware ကိုထောက်ပံ့ထားသော AI noise reduction ကြောင့် အလင်းရောင် အဆင့် 1 lux ထက်နည်းလျှင်ပင် သာမန်မျက်လုံးဖြင့်မမြင်နိုင်သော အနေအထားများတွင်လည်း ရိုက်ကူးနိုင်မည် ဖြစ်ပါသည်။ OPPO ၏ စမတ်ဖုန်းလောကရှေ့ဆောင် Ultra Steady Video Mode နည်းပညာသည် ပြေးခြင်း၊ လျှောစီးခြင်း၊ စကိတ်စီးခြင်း၊ စက်ဘီးစီးခြင်းများတွင် တည်ငြိမ်သည့် video ရိုက်ကူးမှုများကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသူများ၏ လှုပ်ရှားမှုများကို 60fps frame rateထိရိုက်ကူးနိုင်မည် ဖြစ်ပြီး ပိုကောင်းမွန်စေသည့် image stabilization များဖြင့် ကောင်းမွန်ပြည့်စုံသော ရုပ်ထွက်များကိုလည်း ရရှိစေနိုင်ပါမည်။ Reno2 တွင် storage အားဖြင့် 256GB အထိပါရှိမည်ဖြစ်ပြီး VOOC 3.0 အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားသော 4000mAh ဘက်ထရီပါရှိမည်ဖြစ်ပါသည်။

ဓာတ်ပုံရိုက်ကူးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မည့် Reno2 F ၏ ကင်မရာ ၄ လုံးနှင့် Ultra Wide Angle Lens

OPPO Reno2 F တွင် 48 MP Ultra Clear Main Camera ၊ 8 MP wide-angle lens ၊ 2 MP mono lens နှင့် 2 MP portrait lens စုစုပေါင်း ကင်မရာလေးလုံးပါဝင်သည်။ Ultra Wide Angle lens က 119° မျက်မြင်တစ်ဆုံးမြင်ကွင်းများကို ရိုက်ကူးနိုင်ပြီး မတူညီသည့် ပုံရိပ်များနှင့် photo theme များကို ယူဆောင်လာမည် ဖြစ်ပါသည်။ အသုံးပြုသူများသည် ကျယ်ပြော၍ အကန့်အသတ်မဲ့သော ရှုခင်းပုံများသာမက ကျဉ်းမြောင်းသောနေရာများတွင်လည်း နေ့ညမရွေး မည်သည့်အချိန်မျိုးတွင်မဆို ရိုက်ကူးပေးနိုင်မည် ဖြစ်ပါသည်။ Ultra Night Mode 2.0 က မျက်နှာနှင့် နောက်ခံမြင်ကွင်းများကို သီးခြားစီ ပုံဖော်ပေးသည့်အတွက် အသားရောင်မှန်ကန်ပြီး ပြင်ပမှ လက်တွေ့အရောင်နှင့် အနီးစပ်ဆုံးတူသောဓာတ်ပုံများကို ထုတ်ပေးနိုင်သည်။ အလင်းရောင်နည်းသော အခြေအနေများတွင် လှပသော အသေးစိတ်အရောင်များကို ရရှိစေပြီး မလိုအပ်ဘဲ အလင်းများဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ Reno2 F တွင် 256GB အထိ တိုးမြှင့်နိုင်သော storage 128GB နှင့် VOOC 3.0 အမြန်အားသွင်းစနစ် ပါဝင်သော 4000mAh ဘက်ထရီတို့ပါရှိပြီး OPPO Reno2 | 2F တို့ကို နိုဝင်ဘာ ၂ ရက်နေ့မှ စတင်ရောင်းချသွားမည်ဖြစ်သည်။

[Zawgyi]

Quad Camera, Zoom into Imagination ဆောင်ပုဒ်ဖြင့် OPPO Reno2 | 2F စမတ်ဖုန်းအသစ်များကို ပြည်တွင်းတွင် တရားဝင်မိတ်ဆက်






