[Unicode]

ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့တဲ့ OPPO Reno3 နဲ့ Reno3 Pro တို့ကို တရုတ်မှာ အမှာစာ ၁.၄၆ သန်းကျော်သွားပြီ ဖြစ်ပြီး JD.com ကနေ မှာယူမှုဟာ ၅၈၀,၀၀၀ ရှိပါတယ်။ အဲဒီဖုန်းတွေဟာ ၂၀၁၉ ခုနှစ်ရဲ့ TMall မှာ မှာယူမှု အများဆုံး ချန်ပီယံတွေလည်း ဖြစ်လာပါတယ်။ အမှာစာတင်ထားသလောက် ရောင်းအား လန်းမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ဒီ ကိန်းဂဏန်းတွေအရ OPPO ရဲ့ 5G ဖုန်းတွေကို လူတွေ အရမ်း စိတ်ဝင်စားနေတာ သိသာပါတယ်။

ဒီကိန်းဂဏန်းတွေကို ဒီဇင်ဘာလ ၂၇ ရက်နေ့ တရုတ် စံတော်ချိန် ညနေ ၆ နာရီခွဲမှာ ရေတွက်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၁.၅ သန်းတောင်ကျော်နေလောက်ပါပြီ။ Reno3 မှာ Octa-core Medidatek Dimensity 1000L Chipset မောင်းနှင်ထားပါတယ်။ 8/128GB မော်ဒယ်ကို ၃,၃၉၉ ယွမ်နဲ့ 12/128GB မော်ဒယ်ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေနဲ့ဆိုရင် မြန်မာငွေ ၇၂၀,၀၀၀ နဲ့ ၇၈၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

Reno3 Pro မှာ Snapdragon 765G SoC မောင်းနှင်ထားပါတယ်။ အခြေခံ မော်ဒယ် ဖြစ်တဲ့ 8/128GB ကို ၃,၉၉၉ ယွမ်နဲ့ 12/256GB မော်ဒယ်ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈၅၀,၀၀၀ နဲ့ ၉၅၀,၀၀၀ လောက် အသီးသီး ရှိပါတယ်။ White, Black, Starry Night Blue နဲ့ Sunrise အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 5G ရော 4G ကိုပါ သုံးနိုင်မယ့်အတွက် 5G မရသေးတဲ့ ဒေသတွေအတွက် မိုက်ပါတယ်။ 90Hz Refresh Rate နဲ့ 180 Hz Touch Detection Rate ကို ထောက်ပံ့တဲ့အတွက် ဂိမ်းကစားရင် ၊ ဖုန်းသုံးရင် အရမ်းကို လျှင်မြန်ချောမွတ်မှာပါ။

Ref : gsmarena

[Zawgyi]

OPPO Reno3 Series ေတြ အမွာစာ ၁.၄၆ သန္းေက်ာ္သြားၿပီ

ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာခဲ့တဲ့ OPPO Reno3 နဲ႔ Reno3 Pro တို႔ကို တရုတ္မွာ အမွာစာ ၁.၄၆ သန္းေက်ာ္သြားၿပီ ျဖစ္ၿပီး JD.com ကေန မွာယူမႈဟာ ၅၈၀,၀၀၀ ရွိပါတယ္။ အဲဒီဖုန္းေတြဟာ ၂၀၁၉ ခုႏွစ္ရဲ႕ TMall မွာ မွာယူမႈ အမ်ားဆံုး ခ်န္ပီယံေတြလည္း ျဖစ္လာပါတယ္။ အမွာစာတင္ထားသေလာက္ ေရာင္းအား လန္းမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ဒါေပမယ့္ ဒီ ကိန္းဂဏန္းေတြအရ OPPO ရဲ႕ 5G ဖုန္းေတြကို လူေတြ အရမ္း စိတ္၀င္စားေနတာ သိသာပါတယ္။

ဒီကိန္းဂဏန္းေတြကို ဒီဇင္ဘာလ ၂၇ ရက္ေန႔ တရုတ္ စံေတာ္ခ်ိန္ ညေန ၆ နာရီခြဲမွာ ေရတြက္ခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ ၁.၅ သန္းေတာင္ေက်ာ္ေနေလာက္ပါၿပီ။ Reno3 မွာ Octa-core Medidatek Dimensity 1000L Chipset ေမာင္းႏွင္ထားပါတယ္။ 8/128GB ေမာ္ဒယ္ကို ၃,၃၉၉ ယြမ္နဲ႔ 12/128GB ေမာ္ဒယ္ကို ၃,၆၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြနဲ႔ဆိုရင္ ျမန္မာေငြ ၇၂၀,၀၀၀ နဲ႔ ၇၈၀,၀၀၀ ေလာက္ အသီးသီး က်သင့္မွာပါ။

Reno3 Pro မွာ Snapdragon 765G SoC ေမာင္းႏွင္ထားပါတယ္။ အေျခခံ ေမာ္ဒယ္ ျဖစ္တဲ့ 8/128GB ကို ၃,၉၉၉ ယြမ္နဲ႔ 12/256GB ေမာ္ဒယ္ကို ၄,၄၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၈၅၀,၀၀၀ နဲ႔ ၉၅၀,၀၀၀ ေလာက္ အသီးသီး ရွိပါတယ္။ White, Black, Starry Night Blue နဲ႔ Sunrise အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ 5G ေရာ 4G ကိုပါ သံုးႏုိင္မယ့္အတြက္ 5G မရေသးတဲ့ ေဒသေတြအတြက္ မိုက္ပါတယ္။ 90Hz Refresh Rate နဲ႔ 180 Hz Touch Detection Rate ကို ေထာက္ပံ့တဲ့အတြက္ ဂိမ္းကစားရင္ ၊ ဖုန္းသံုးရင္ အရမ္းကို လွ်င္ျမန္ေခ်ာမြတ္မွာပါ။

Ref : gsmarena