OPPO Reno4 Lite ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က FCC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး Specs တွေဟာ လက်ရှိ အိန္ဒိယမှာပဲ ရောင်းပေးထားတဲ့ OPPO F17 Pro နဲ့ လုံးဝ တူနေပါတယ်။ OPPO ကတော့ Reno4 Lite ကို တရားဝင် မကြေညာသေးပါဘူး။ ဒါပေမယ့် OPPO Reno4 Lite ဟာ F17 Pro ကို နာမည်ပြောင်းရောင်းချတာ သေချာပါတယ်။ အခုတော့ Reno4 Lite ကို ယူကရိန်း အွန်လိုင်း စတိုး ၁ ခုကနေ ရောင်းပေးလိုက်ပါပြီ။

Reno4 Lite ဟာ F17 Pro နဲ့ တူတဲ့အတွက် Helio P95 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Android 10 အခြေပြု ColorOS 7.2 ထည့်သွင်းထားမှာပါ။ ၆.၄၃ လက်မ FullHD+ AMOLED မျက်နှာပြင် ပါလာမှာဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာဖြစ်ပါတယ်။

စုစုပေါင်း ကင်မရာ ၆ လုံးတောင် ပါလာမှာဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Depth , 2MP Macro တွေနဲ့ အရှေ့ဘက်မှာ 16MP , 2MP Depth တွေ ထည့်သွင်းထားမှာဖြစ်ပါတယ်။ 30W နဲ့ USB-C Port ထောက်ပံ့ထားတဲ့ 4,015mAh ဘက်ထရီ ပါလာမှာပါ။

ယူကရိန်းစတိုးမှာ 8/128GB Version ၁ မျိုးပဲ စာရင်းတင်ထားပြီး အနက်နဲ့ အပြာရောင်တွေ ရွေးချယ်နိုင်ပါတယ်။ UAH11,999 သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်းခွဲလောက် ကျသင့်မှာပါ။ လက်ရှိ ယူကရိန်း စတိုးမှာ အနက်ရောင်ကို UAH2,000 ဈေးလျှော့ပေးထားပါတယ်။

Ref : gsmarena