ပြီးခဲ့တဲ့ရက်ကပဲ OPPO Reno 4 နဲ့ Reno 4 Pro တို့ရဲ့ ရုပ်ပုံနဲ့ အချက်အလက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီတုန်းက ပေါက်ကြားသတင်းဖြစ်ခဲ့တဲ့အတွက် တရားဝင်အထောက်အထားကို စောင့်ဆိုင်းခဲ့ရပါသေးတယ်။ အခုတော့ OPPO Reno4 စီးရီးကို TENAA မှာ တွေ့လိုက်ရပြီ ဖြစ်ပါတယ်။

TENAA ကတစ်ဆင့် သိရတာကတော့ OPPO Reno 4 Pro ဗားရှင်းဟာ 6.55-inch အရွယ်အစားမျက်နှာပြင်နဲ့ဖြစ်ပြီး Vanilla ဗားရှင်းကတော့ 6.43-inch အရွယ်အစား မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ ဟန်းဆက်နှစ်မျိုးစလုံးဟာ 765G chipset ကိုယ်စီနဲ့ ဖြစ်တာကိုလည်း သိလိုက်ရပါတယ်။

Reno 4 Pro မှာတော့ 48MP ကင်မရာတပ်ဆင်ထားပြီး OIS နဲ့ဖြစ်တယ်လို့ သိရပါတယ်။ Low-light ဗီဒီယိုတွေအတွက် 12MP shooter နဲ့ တွဲဖက်ပေးထားပြီး Telephoto lens ကတော့ 13MP ဖြစ်ပါတယ်။ Vanilla Reno 4 ကတော့ OIS မဟုတ်တဲ့ အဓိကကင်မရာနဲ့ဖြစ်ပါတယ်။ 8MP ultrawide နဲ့ 2MP depth sensor တို့ ပါဝင်ကြမှာပါ။

Reno 4 Pro ရော Reno 4 မှာပါ 32MP Selfie ကင်မရာ ကိုယ်စီတပ်ဆင်ထားကြမှာပါ။ ဘက်ထရီပမာဏက 4,000mAh တွေပဲ ဖြစ်ကြပြီး အားသွင်းမြန်နှုန်းကလည်း 65W တွေပဲ ဖြစ်ကြပါတယ်။ Reno4 Pro က 159.6 x 72.5 x 7.6mm အရွယ်အစားဖြစ်ပြီး Reno 4 ကတော့ 159.3 x 74.0 x 7.8mm အရွယ်အစား ဖြစ်ပါတယ်။ အလေးချိန်တွေက 172g နဲ့ 183g တို့ပဲ ဖြစ်ကြပါတယ်။

Ref: GSM Arena