OPPO ကနေ Reno Series စမတ်ဖုန်းတွေကို ဆက်တိုက်ကို မိတ်ဆက်လာကာ အခုဆိုရင်လည်း လာမယ့်ဇွန်လ ၅ ရက်နေ့မှာ နောက်ထပ် Reno Series စမတ်ဖုန်းတွေကို မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းအသစ်တွေကတော့ Reno4 Series စမတ်ဖုန်းအသစ်တွေဖြစ်ပြီး 5G Support အပြင် 65W Fast Charging ပါ ပါဝင်လာမယ်လို့ သိရပါတယ်။

အခုလိုမျိုး 65W Fast Charging Feature ပါဝင်လာတာက လက်ရှိ Reno Series ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်လာပြီး လောလောဆယ်မှာလည်း OPPO Find X2 နဲ့ Ace2 Flagship ဖုန်းတွေမှာပဲ 65W Fast Charging ကို Support ပြုလုပ်နေသေးတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ OPPO ကနေ Weibo စာမျက်နှာမှာ Super Night Mode Feature ပါဝင်လာမယ်ဆိုပြီး ဖော်ပြထားခဲ့ပါတယ်။

OPPO Reno4 Series စမတ်ဖုန်းတွေဟာ Qualcomm Snapdragon 765G 5G Chipset ၊ Punch-hole Selfie Camera ပါဝင်တဲ့ Curved Display နဲ့ Triple Camera Setup တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ OPPO Reno4 ဖုန်းမှာ Single 32MP Sensor နဲ့ Reno4 Pro ဖုန်းမှာ Dual 32MP + 2MP Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ OPPO Reno4 Series ဖုန်းတွေဟာ မကြာခင်တုန်းက ထွက်ရှိထားတဲ့ Honor နဲ့ realme စမတ်ဖုန်းတွေလိုမျိုးပဲ ဖုန်းရဲ့ နောက်ကျောဘက်မှာ “Reno Glow” ဆိုပြီး စာတန်းအကြီးကြီးရေးသားထားမှာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ အခုလိုမျိုး ဖုန်းနောက်ဖက်မှာ စာရေးထားတာက တရုတ်နိုင်ငံတွင်းမှာ ရေပန်းစားနေပုံပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီ OPPO Reno4 Series ဖုန်းသစ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ လာမယ့် ဇွန်လ ၅ ရက်နေ့မှာ သိရှိရတော့မှာဖြစ်ပါတယ်။

Ref – GSM Arena