[Zawgyi]

OPPO ရဲ႕ ဒုတိယဥကၠ႒ ျဖစ္သူ Brian Shen ဟာ Weibo ကေနတစ္ဆင့္ ကုမၸဏီရဲ႕ Foldable Phone ႐ုပ္ပုံကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ ၾကည့္ရတာကေတာ့ Samsung ရဲ႕ Galaxy Fold, Huawei ရဲ႕ Mate X ေတြနည္းတူ OPPO ကလည္း Foldable ဖုန္း ထုတ္ႏိုင္တယ္ဆိုတာ ႂကြားလိုက္သလိုပါပဲ။

Shen ဟာ သူ႔ရဲ႕ Weibo Post မွာ Foldable ဖုန္းပုံေတြကို ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသား ပုံေတြနဲ႔ ထုတ္ႂကြားခဲ့တာပါ။ ဒါေပမယ့္ OPPO အေနနဲ႔ ဒီေရွ႕ေျပးပုံစံကို အလွ်င္အျမန္ထုတ္လုပ္သြားဦးမွာမဟုတ္ဘဲ ဝယ္လိုအား အေျခအေနကို ေစာင့္ၾကည့္ဦးမွာျဖစ္တယ္လို႔ သတင္းစကား ပါးထားပါေသးတယ္။

ပထမဆုံး ျမင္ေတြ႕လိုက္ခ်ိန္မွာပဲ OPPO ရဲ႕ Foldable ဖုန္းဟာ ဒီဇိုင္းပိုင္းအားျဖင့္ Mate X နဲ႔ အနည္းငယ္ အယူအဆတူညီတယ္လို႔ ဆိုရမွာပါ။ ျဖန႔္ထားတဲ့အခ်ိန္မွာ က်ယ္ျပန႔္တဲ့ မ်က္ႏွာျပင္တစ္ခုကို ရရွိမွာျဖစ္ေပမယ့္ ဒီမ်က္ႏွာျပင္က တစ္ဘက္တည္း ရွိေနတဲ့ ပုံစံကို ျမင္ေတြ႕ရပါတယ္။

ေခါက္ခ်ိဳးႏိုင္တဲ့ မ်က္ႏွာျပင္ဟာ ဖုန္းရဲ႕ အျပင္ဘက္မွာပဲ ရွိေနၿပီး အတြင္းဘက္ကိုယ္ထည္မွာေတာ့ မ်က္ႏွာျပင္ တပ္ဆင္ထားတဲ့ပုံစံ မေတြ႕ရပါဘူး။ ဒီ Foldable ဖုန္းမွာ ကင္မရာဘယ္ႏွလုံးတပ္ဆင္ထားလဲဆိုတာ မသိရေပမယ့္ ေခါက္ခ်ိဳးထားတဲ့အခ်ိန္မွာေတာ့ အစြန္းထြက္ေနတဲ့ အတြင္းဘက္ကိုယ္ထည္ေပၚမွာ ကင္မရာႏွစ္လုံး တပ္ဆင္ထားတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

ဒီကင္မရာႏွစ္လုံးကိုပဲ Selfie ကင္မရာအျဖစ္အသုံးျပဳရတာလား၊ ဒါမွမဟုတ္ မ်က္ႏွာျပင္က်ယ္အျဖစ္ ျဖန႔္ထားခ်ိန္မွာ အသုံးျပဳဖို႔ Selfie ကင္မရာ သီးသန႔္တပ္ဆင္ေပးထားသလားဆိုတာေတာ့ မသိရပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ OPPO ကလည္း Foldable ဖုန္းကို အခ်ိန္မေ႐ြး ထုတ္ေရာင္းႏိုင္တယ္ဆိုတဲ့ သတင္းစကားကေတာ့ ပ်ံ႕ႏွံ႔သြားၿပီ ျဖစ္ပါတယ္။

Samsung နဲ႔ Huawei တိုရဲ႕ Foldable ဖုန္းေတြဟာ $2,000 ဝန္းက်င္ေလာက္မွာ(ျမန္မာေငြ သိန္း ၃၀ နဲ႔ ၅ ေသာင္းဝန္းက်င္) ရွိေနတဲ့အတြက္ OPPO ရဲ႕ Foldable ဖုန္းတန္ဖိုးကလည္း ဒီပမာဏဝန္းက်င္ေလာက္ပဲ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါေပမယ့္ တ႐ုတ္နည္းပညာ ကုမၸဏီေတြရဲ႕ ထုံးစံအတိုင္း ၿပိဳင္ဘက္ကုမၸဏီႀကီးေတြထက္ ေဈးအနည္းငယ္ သက္သာဖို႔ေတာ့ ေမွ်ာ္လင့္ႏိုင္ပါတယ္။

Ref: The Verge

[Unicode]

Foldable Phone ကို ထုတ်ပြလာတဲ့ OPPO

OPPO ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Brian Shen ဟာ Weibo ကနေတစ်ဆင့် ကုမ္ပဏီရဲ့ Foldable Phone ရုပ်ပုံကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ကြည့်ရတာကတော့ Samsung ရဲ့ Galaxy Fold, Huawei ရဲ့ Mate X တွေနည်းတူ OPPO ကလည်း Foldable ဖုန်း ထုတ်နိုင်တယ်ဆိုတာ ကြွားလိုက်သလိုပါပဲ။

Shen ဟာ သူ့ရဲ့ Weibo Post မှာ Foldable ဖုန်းပုံတွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပုံတွေနဲ့ ထုတ်ကြွားခဲ့တာပါ။ ဒါပေမယ့် OPPO အနေနဲ့ ဒီရှေ့ပြေးပုံစံကို အလျှင်အမြန်ထုတ်လုပ်သွားဦးမှာမဟုတ်ဘဲ ဝယ်လိုအား အခြေအနေကို စောင့်ကြည့်ဦးမှာဖြစ်တယ်လို့ သတင်းစကား ပါးထားပါသေးတယ်။

ပထမဆုံး မြင်တွေ့လိုက်ချိန်မှာပဲ OPPO ရဲ့ Foldable ဖုန်းဟာ ဒီဇိုင်းပိုင်းအားဖြင့် Mate X နဲ့ အနည်းငယ် အယူအဆတူညီတယ်လို့ ဆိုရမှာပါ။ ဖြန့်ထားတဲ့အချိန်မှာ ကျယ်ပြန့်တဲ့ မျက်နှာပြင်တစ်ခုကို ရရှိမှာဖြစ်ပေမယ့် ဒီမျက်နှာပြင်က တစ်ဘက်တည်း ရှိနေတဲ့ ပုံစံကို မြင်တွေ့ရပါတယ်။

ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်ဟာ ဖုန်းရဲ့ အပြင်ဘက်မှာပဲ ရှိနေပြီး အတွင်းဘက်ကိုယ်ထည်မှာတော့ မျက်နှာပြင် တပ်ဆင်ထားတဲ့ပုံစံ မတွေ့ရပါဘူး။ ဒီ Foldable ဖုန်းမှာ ကင်မရာဘယ်နှလုံးတပ်ဆင်ထားလဲဆိုတာ မသိရပေမယ့် ခေါက်ချိုးထားတဲ့အချိန်မှာတော့ အစွန်းထွက်နေတဲ့ အတွင်းဘက်ကိုယ်ထည်ပေါ်မှာ ကင်မရာနှစ်လုံး တပ်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။

ဒီကင်မရာနှစ်လုံးကိုပဲ Selfie ကင်မရာအဖြစ်အသုံးပြုရတာလား၊ ဒါမှမဟုတ် မျက်နှာပြင်ကျယ်အဖြစ် ဖြန့်ထားချိန်မှာ အသုံးပြုဖို့ Selfie ကင်မရာ သီးသန့်တပ်ဆင်ပေးထားသလားဆိုတာတော့ မသိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် OPPO ကလည်း Foldable ဖုန်းကို အချိန်မရွေး ထုတ်ရောင်းနိုင်တယ်ဆိုတဲ့ သတင်းစကားကတော့ ပျံ့နှံ့သွားပြီ ဖြစ်ပါတယ်။

Samsung နဲ့ Huawei တိုရဲ့ Foldable ဖုန်းတွေဟာ $2,000 ဝန်းကျင်လောက်မှာ(မြန်မာငွေ သိန်း ၃၀ နဲ့ ၅ သောင်းဝန်းကျင်) ရှိနေတဲ့အတွက် OPPO ရဲ့ Foldable ဖုန်းတန်ဖိုးကလည်း ဒီပမာဏဝန်းကျင်လောက်ပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် တရုတ်နည်းပညာ ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ပြိုင်ဘက်ကုမ္ပဏီကြီးတွေထက် ဈေးအနည်းငယ် သက်သာဖို့တော့ မျှော်လင့်နိုင်ပါတယ်။

Ref: The Verge