Oppo ကုမ္ပဏီဟာ Find X2 စမတ်ဖုန်းသစ် မိတ်ဆက်ပွဲမှာ ECG Sensor ပါဝင်တဲ့ သူတို့ရဲ့ပထမဆုံး Smart Watch ကို တစ်ပါတည်း မိတ်ဆက်လာခဲ့ပါတယ်။ Oppo Watch ဟာ လေးထောင့်ပုံစံကိုယ်ထည်နဲ့ OLED Display အသုံးပြုထားပြီး Curved Edge တွေပါဝင်ပါတယ်။

Oppo Watch ဟာ မိတ်ဆက်လာချိန်မှာတော့ တရုတ်ဈေးကွက်သီးသန့်ကိုပဲ ရည်ရွယ်ထားပြီး မတ်လ ၂၄ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ ဒါပေမယ့် ယနေ့မှာတော့ ကုမ္ပဏီရဲ့အကြီးအကဲ Brian Shen က ဒီ Wearable ဟာ အခုနှစ်အတွင်း နိုင်ငံတကာဈေးကွက်နဲ့ အထူးသဖြင့် အနောက်ဥရောပသို့ ဝင်ရောက်လာမယ့်အကြောင်း တရားဝင်အတည်ပြုခဲ့ပါတယ်။

Oppo ရဲ့ နိုင်ငံတကာအတွက် တွစ်တာအကောင့်မှာလည်း ဒီစမတ်နာရီရဲ့ Specs အချို့ကို အင်္ဂလိပ်ဘာသာနဲ့ တင်လာခဲ့ပေမယ့် ဘယ်အချိန်မှာ တင်ပို့လာမယ်ဆိုတာကိုတော့ အတိအကျမပြောထားသေးပါဘူး။

Oppo Watch မှာ Snapdragon Wear 2500 ချစ်ပ်ဆက်ကို Apollo 3 Co-processor နဲ့တွဲဖက်ထည့်သွင်းထားပါတယ်။ မန်မိုရီက 1GB RAM/ 8GB Storage ဖြစ်ပြီး eSIM တစ်မျိုးတည်း ထောက်ပံ့တာကြောင့် Carrier တိုင်းတော့ အဆင်ပြေမှာမဟုတ်ပါဘူး။

Oppo Watch ရဲ့အခြေခံဈေးနှုန်းက 41mm ကိုယ်ထည်အတွက် တရုတ်ယွမ်ငွေ ၁၄၉၉ (မြန်မာငွေ သုံးသိန်းခန့်) ဖြစ်ပြီး 46mm ဗားရှင်းကတော့ တရုတ်ယွမ် ၁၉၉၉ (မြန်မာငွေ လေးသိန်းနီးပါး) ဖြစ်ပါတယ်။

Ref – GSM Arena