OPPO ကနေ မကြာခင်မှာ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Find X2 Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါ Find X2 Series စမတ်ဖုန်းတွေအပြင် Smartwatch စျေးကွက်ကိုလည်း OPPO Smartwatch အသစ်နဲ့ဝင်ရောက်လာတော့မှာပါ။

အခုလည်း OPPO ရဲ့ VP ဖြစ်တဲ့ Brian Shen ကိုယ်တိုင်ကနေ OPPO Watch ရဲ့ Display Teaser ဓါတ်ပုံကို Twitter Account မှာ ထုတ်ပြသွားခဲ့ပါတယ်။ အဆိုပါ Teaser ဓါတ်ပုံအပြင် OPPO Watch မှာ Curved ပြုလုပ်ထားတဲ့ 3D Glass နည်းပညာကိုလည်း အသုံးပြုထားတယ်ဆိုတာကိုပါ အတည်ပြုသွားခဲ့ပါတယ်။

Brian Shen ကတော့ အဆိုပါ OPPO Watch ရဲ့ Curved 3D Glass ဟာ Smartwatch စျေးကွက်အတွက် ကြီးမားတဲ့အပြောင်းအလဲဖြစ်မယ်ဆိုပြီး ပြောကြားခဲ့ပေမယ့် Design ပိုင်းအရတော့ Apple Watch နဲ့ ဆင်တူနေပြီး ဘေးဘက်မှာ Digital Crown Dial အစား Button ၂ ခုကို ထည့်သွင်းထားတာပဲ ကွာခြားနေတာဖြစ်ပါတယ်။

OPPO ဟာ ယခု OPPO Watch အပြင် Find X2 Series စမတ်ဖုန်းတွေကိုလာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ MWC 2020 Event နဲ့အတူပြသသွားဖို့ စီစဥ်ထားပေမယ့် MWC Event ကိုဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် လာမယ့် မတ်လထဲကျမှ တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Ref – GSM Arena