လက်ရှိ Smartwatch တွေထဲမှာ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး Smartwatch ဆိုရင် Apple Watch ပဲရှိမှာပါ။ ဒါပေမယ့်လည်း အခုအချိန်မှာ Android Device တွေနဲ့ တွဲဖက်အသုံးပြုဖို့အတွက် တော်တော်လေးအဆင်ပြေတဲ့ Smartwatch အသစ်ကို OPPO ကနေ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အခု Smartwatch ကိုတော့ OPPO Watch လို့ပဲနာမည်ပေးထားပြီးတော့ Apple Watch နဲ့ Design တူညီတဲ့အပြင် 41mm နဲ့ 46mm Size ၂ မျိုးထွက်ရှိမှာဖြစ်ပြီး eSIM ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။

OPPO Watch ဟာ 1.91″ 3D Curved AMOLED Display ကို အသုံးပြုထားပြီး 326PPI အပြင် 100% DCI-P3 ကို Support ပေးထားတဲ့အတွက် Display ပိုင်းကတော့ တော်တော်လေးကိုကောင်းတယ်လို့ ပြောရမှာပါ။ ဒါ့အပြင် AI Mode ပါဝင်တဲ့ Watch Face ၂၈ မျိုးကိုလည်း ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

OPPO Watch မှာ Quad-optic Heart Rate Sensor ပါဝင်မှာဖြစ်သလို Exercise တွေအတွက်လည်း Mode တွေအများအပြားပါဝင်မှာပါ။ ရေအနက် မီတာ ၅၀ အထိလည်း ယူဆောင်သွားနိုင်တဲ့အတွက် ရေကူးနေရင်းလည်း ဝတ်ဆင်ထားနိုင်မှာဖြစ်ပါတယ်။

OPPO Watch ဟာ Qualcomm Snapdragon Chip အပြင် Apollo3 Low-power Chip ပါ ပါဝင်တဲ့ Dual Chip Design ကို အသုံးပြုထားပြီး အဲ့ဒီအတွက် Battery Life အနေနဲ့ တခြားသော Smartwatch တွေထက်ပိုကောင်းမယ်လို့ သိရပါတယ်။ OPPO ရဲ့ ပြောကြားချက်အရတော့ Smart Mode မှာ နာရီ ၄၀ နဲ့ Low Power Mode နဲ့အသုံးပြုမယ်ဆိုရင် ၂၁ ရက်အထိ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ VOOC Charging စနစ်လည်းပါဝင်တဲ့အတွက် 0-50% အားသွင်းဖို့ကို ၁၇ မိနစ်ပဲ အချိန်ပေးရမှာပါ။

စျေးနှုန်းတွေအနေနဲ့ကတော့ 41mm Aluminum Alloy (Black, White, Pink) ကို 1,499 Yuan (မြန်မာငွေ ၃ သိန်းဝန်းကျင်) ၊ 46mm Aluminum Alloy (Black, Cream) ကို 1,999 Yuan (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ 46mm Stainless Steel (Black) ကိုတော့ 2,499 Yuan (မြန်မာငွေ ၅ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China