OnePlus Watch 2 ကို MWC မှာ မကြာခင်က ကြေညာခဲ့ပြီး အခုတော့ OPPO က Watch X ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ နာရီ ၂ လုံးဟာ များစွာ တူညီကြပြီး တကယ်တော့ နာမည်ပဲ ကွဲပြားတာ ဖြစ်ပါတယ်။

Oppo Watch X announced with familiar looks and specs

OPPO Watch X ဟာ ဒီဇိုင်းနဲ့ Specs အပိုင်းမှာ OnePlus Watch 2 နဲ့ တူညီပါတယ်။ Operating System ၂ ခု ထည့်သွင်းထားပြီး Google WearOS 4 မှာ စွမ်းအင် အများကြီး သုံးရတဲ့အလုပ်တွေကို လုပ်နိုင်ကာ Real-time Operating System (RTOS) မှာ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေး တွက်ချက်တာလို တခြားအလုပ်တွေကို လုပ်နိုင်ပါတယ်။ နာရီမှာ Snapdragon W5 Gen 1 Chipset ၊ BES 2700BP Co-processor ၊ 2GB RAM နဲ့ 32GB Storage ထည့်ထားပါတယ်။

Oppo Watch X announced with familiar looks and specs - GSMArena.com news

1.43” AMOLED 60Hz မျက်နှာပြင်နဲ့ 500mAh Battery ပါလာပြီး OPPO က Standard Mode မှာ နာရီပေါင်း ၁၀၀ အသုံးခံကာ Power Saver Mode မှာ ၁၂ ရက် အထိ အသုံးခံတယ်လို့ ပြောပါတယ်။ VOOC Flash Charging ပါလာပြီး ၁၀ မိနစ်အားသွင်းရင် ၁ ရက် အသုံးခံပြီး မိနစ် ၆၀ အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Dual-band GPS, WiFi , Bluetooth နဲ့ NFC ဆက်သွယ်မှု ပါလာပြီး ရေအနက် မီတာ ၅၀ မှာ ဝတ်ဆင်နိုင်တဲ့ IP68 စံနှုန်းပါပါတယ်။ Platinum Black နဲ့ Mars Brown အရောင်တွေ ထုတ်လုပ်ထားပြီး ၂၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena