အခုအချိန်က အားလုံးသိကြတဲ့အတိုင်း COVID-19 ဗိုင်းရပ်စ်ကြောင့် လူတော်တော်များများက အိမ်ကနေ အပြင်ထွက်နေတဲ့အချိန်တွေကို တတ်နိုင်သလောက်လျော့ချနေကြရတာဖြစ်ပါတယ်။ ဒီလိုမျိုး ကပ်ရောဂါဆိုးကြီးကို အိမ်ထဲမှာပဲနေပြီး ကာကွယ်အနိုင်ယူနေကြတဲ့အတွက် လူတိုင်းနီးပါးရဲ့ ပုံမှန် Lifestyle ကလည်း လုံးဝနီးပါးပြောင်းလဲသွားပြီလို့တောင်ပြောလို့ရပါတယ်။

အခုအချိန်မှာ လုပ်ငန်းခွင်တော်တော်များများကလည်း အိမ်ကနေပဲ အလုပ်လုပ်စေတဲ့ Work From Home နည်းကို ပြောင်းလဲအသုံးပြုလာပြီး တချို့အလုပ်တွေကလည်း အချိန်တစ်ခုအထိ ခေတ္တရပ်ဆိုင်းထားကြပါပြီ။ အဲ့ဒီအတွက် အိမ်မှာပဲနေပြီး လုပ်ငန်းခွင်ထဲမှာလိုမျိုး တက်တက်ကြွကြွနဲ့ Productive ဖြစ်ဖြစ် အလုပ်လုပ်ဖို့က အရေးကြီးလာပါတယ်။

ဒီနေရာမှာ ကိုယ့်အိမ်က အလုပ်လုပ်မယ့်နေရာကို ပြင်ဆင်တာကလည်း အရေးကြီးသလို Work From Home Experience ကို သိသိသာသာကို ပိုကောင်းလာစေမယ့် နည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ အရည်အသွေးကောင်းမွန်တဲ့ True Wireless Earbuds တစ်ခုကို ဝယ်သုံးတာပါ။

ဘာကြောင့်လဲဆိုရင် အိမ်ထဲမှာပဲ Group Call တွေ၊ Video Conferencing Meeting တွေဆက်တိုက်ပြုလုပ်လာရတဲ့အတွက် ယခင်တုန်းကလို ကြိုးနဲ့နားကြပ်တွေနဲ့ ရုံးခန်းမှာ၊ ကားပေါ်မှာ သီချင်းနားထောင်တာထက် ပိုပြီး လွတ်လပ်ဖို့လိုအပ်လာပါတာကြောင့်ပါ။ ဒီနေရာမှာ True Wireless Earbuds တွေက ဖုန်းတင်မဟုတ်ဘဲ Laptop နဲ့လည်း အလွယ်ချိတ်လို့ရသလို အနည်းဆုံး ၁၀ မီတာ (ပေ ၃၀ ကျော်) လောက်အထိ Connection လွတ်သွားတာမျိုးမရှိပဲ စကားပြောနိုင်တဲ့အတွက် တကယ်ကို အိမ်မှာနေပြီး အလုပ်လုပ်နေရတဲ့လွတ်လပ်မှုကို ခံစားရမှာဖြစ်ပါတယ်။

ဒီလိုမျိုး True Wireless Earbuds တစ်ခုကို ရွေးချယ်တဲ့နေရာမှာ Sound Quality ကောင်းဖို့တင်မဟုတ်ဘဲ ဖုန်းပြောဆိုမှုတွေပြုလုပ်ရမယ့်အတွက် Mic Quality ကလည်း ထပ်တူအရေးကြီးတဲ့နေရာမှာ ပါဝင်နေပါတယ်။ ဥပမာ – OPPO ကနေ စျေးကွက်ထဲကို အသစ်မိတ်ဆက်ထားတဲ့ OPPO Enco Free Earbuds မှာဆိုရင် စကားပြောဆိုသံတွေကို ပြတ်ပြတ်သားသားဖမ်းယူနိုင်တဲ့ Dual Microphone Beam-forming နည်းပညာ၊ ပြီးတော့ စကားသံကလွဲပြီး ကျန်တဲ့ဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့ AI Uplink Noise Cancellation လိုမျိုး နည်းပညာတွေပါဝင်တဲ့ Earbuds တွေက အလုပ်ဆိုင်ရာအရေးကြီးတဲ့ဖုန်းပြောဆိုမှုတွေကို စိတ်ချလက်ချပြောဆိုနိုင်မှာပါ။

ဒါပေမယ့် True Wireless Earbuds တစ်ခုက အိမ်မှာအလုပ်လုပ်ဖို့အတွက်ပဲ အသုံးဝင်တာလားဆိုတော့မဟုတ်ပါဘူး။ တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ Earbuds က Sound Quality လည်းကောင်းတယ်၊ Audio Latency လည်း နည်းတယ်ဆိုရင် စိတ်အပန်းဖြေတဲ့အနေနဲ့ သီချင်းတွေနားထောင်တာ၊ ကြိုးနဲ့ ရှုပ်နေတာမျိုးမရှိတော့ဘဲ အားရပါးရ ဂိမ်းဆော့နိုင်တာမျိုးတွေလည်း လုပ်လို့ရပါသေးတယ်။ အိမ်မှာနေနေတုန်း အကျိုးရှိစေမယ့် Online သင်တန်းတွေ လိုက်နားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေအတွက်လည်း ဒီလိုမျိုး True Wireless Earbuds တစ်ခုရှိထားတာက လုံးဝအကျိုးယုတ်စေမှာမဟုတ်ပါဘူး။

နောက်ထပ် အရေးကြီးတဲ့အချက်က ယခင်လိုမျိုး အပြင်ကို ပုံမှန်ထွက်ပြီး သွားလာနေတာမျိုးမရှိတော့တဲ့အတွက် ကိုယ့်ကျန်းမာရေးကို ထိန်းထားဖို့လိုအပ်ပါသေးတယ်။ ဒီအတွက်လည်း True Wireless Earbuds တစ်ခုတပ်ထားပြီး Workout ပြုလုပ်တာ၊ TikTok လိုမျိုး App တွေ Down ထားပြီး ကိုယ့်စိတ်ကြိုက် အက Video တွေရိုက်ကူးတာမျိုးလည်း ပြုလုပ်သင့်ပါတယ်။ အခုလိုမျိုးပြုလုပ်မယ်ဆိုရင် ချွေးထွက်တတ်တဲ့အတွက် ကိုယ်ရွေးချယ်ထားတဲ့ Earbuds ကလည်း ပုံမှန် ရေစို၊ ချွေးစိုတာကို ခံနိုင်ရည်ရှိတယ်ဆိုရင် ပိုပြီး အဆင်ပြေစေမှာပါ။

ဒီနေရာမှာလည်း OPPO Enco Free Earbuds ဟာ 13.4mm Ultra Dynamic Driver ပါဝင်တဲ့ ပထမ ဆုံး True Wireless Earbuds တစ်ခုဖြစ်တဲ့အပြင် AAC HD Audio Codec ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Sound Quality ပိုင်းကို စိတ်ချထားနိုင်သလို Latency ပိုင်းကိုလည်း အနိမ့်ဆုံးဖြစ်အောင် Binaural Low-latency Bluetooth Transmission နည်းပညာကို အသုံးပြုထားပါသေးတယ်။ အကောင်းဆုံးအချက်ကတော့ IPX4 Water Resistance ပါဝင်တာပဲဖြစ်ပြီး ပုံမှန်ချွေးထွက်တာတွေအပြင် မိုးရွာတာမျိုးကိုတောင် စိုးရိမ်စရာမလိုပဲ သုံးနိုင်ဦးမှာပါ။

နောက်ဆုံး True Wireless Earbuds တစ်ခုအတွက် အရေးကြီးတဲ့အချက်တွေကတော့ Battery Life နဲ့ အသုံးပြုရတာလွယ်ကူဖို့ပဲဖြစ်ပါတယ်။ အချို့သောအလုပ်နဲ့သက်ဆိုင်တဲ့ Video Conference Call တွေက နာရီနဲ့ချီပြီး ကြာတတ်တဲ့အတွက် သုံးနေတုန်း အားကုန်သွားတာက တော်တော်လေးကို စိတ်ဒုက္ခရောက်စေမယ့် ကိစ္စတစ်ခုပါ။ အဲ့ဒီအတွက် အနည်းဆုံး တစ်ကြိမ်အားသွင်းပြီး ၄ နာရီ၊ ၅ နာရီဆက်တိုက် အသုံးပြုနိုင်တဲ့ True Wireless Earbuds တစ်ခုကို ရွေးချယ်သင့်သလို Charging Case ကနေလည်း ၃၊ ၄ ခါလောက်အထိ ပြန်အားသွင်းနိုင်တဲ့ Earbuds တွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။

အသုံးပြုရတာလွယ်ကူမှုမှာကလည်း ဖုန်းနဲ့ ချိတ်ဆက်တဲ့အချိန်ကနေ Music Playback Gesture တွေပါ သုံးရလွယ်ဖို့လိုအပ်ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ အချိန်ကြာကြာတပ်ထားမယ်ဆိုရင် နား မနာအောင် Comfort ဖြစ်တဲ့ Earbuds တွေကို သုံးတာက ပိုကောင်းမှာပါ။

OPPO Enco Free Earbuds ဆိုရင် တစ်ကြိမ်အားသွင်းထားရင် ၅ နာရီဆက်တိုက်သုံးနိုင်သလို Charging Case ကနေလည်း နောက်ထပ် ၄ ကြိမ် ဒါမှမဟုတ် နာရီ ၂၀ အထိထပ်အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ဖို့ကလည်း Case ရဲ့ Lid ကို ဖွင့်လိုက်တာနဲ့ တန်းချိတ်နိုင်သလို ပုံမှန် Earbuds တစ်ခုမှာပါနေကြ Music Playback ၊ Assistant Gesture တွေအပြင် Volume Control ကိုပါ ပြုလုပ်နိုင်ဦးမှာပါ။ Ear-tips အနေနဲ့လည်း တကယ်လို့ နားထဲကိုအထဲထိ ထိုးထည့်ထားရတာမကြိုက်တဲ့သူတွေအတွက် Semi In-ear Tip နဲ့ ပြင်ပအသံတွေဝင်ရောက်မှုကို အနည်းဆုံးဖြစ်တာကိုလိုချင်တဲ့သူတွေအတွက် ပုံမှန် Silicon In-ear Tip ၂ မျိုး ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အချိန်ကြာကြာအသုံးပြုမယ်ဆိုရင်လည်း သက်တောင့်သက်သာဖြစ်နေမှာပါ။

အဲ့ဒီအတွက် အိမ်မှာ အလုပ်လုပ်နေတဲ့သူတွေအတွက် အားသာချက်တွေအကုန်လုံးနီးပါး ပါဝင်နေတဲ့ OPPO Enco Free ကို စိတ်ဝင်စားတယ်ဆိုရင်တော့ စျေးနှုန်း ၁၃၉,၉၀၀ ကျပ်နဲ့ စျေးကွက်အတွင်းမှာ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မေလ ၁ ရက်ကနေ ၃၁ ရက်အတွင်း သတ်မှတ်ထားတဲ့ OPPO Reno Series (Reno3 Pro, Reno3, Reno2 & Reno2F) ထုတ်ကုန်တစ်ခုခုကို ဝယ်ယူပြီး OPPO Enco Free ကိုပါ တစ်ပါတည်းဝယ်ယူသူများအတွက် ကျပ် ၂၀,၀၀၀ တိတိကို ပြန်အမ်းငွေအဖြစ် ပေးအပ်သွားဦးမယ်လို့လည်း သိရပါတယ်။

OPPO အနေနဲ့ Enco Free (True Wireless EarBuds) အပြင် Enco W31 (True Wireless EarBuds) နဲ့ Enco M31 (Neckband Headphone) တွေကိုလည်း ဒီနေ့ မေလ ၂ရက်နေ့က စတင်ပြီး မိတ်ဆက်ရောင်းချသွားဖို့ ရှိပါတယ်။

OPPO Enco W31 က Enco Free လိုမျိူး True Wireless EarBuds အမျိူးအစားဖြစ်ပြီး Enco Free မှာ ပါဝင်တဲ့ IPX4 Water Resistance, USB Type-C နဲ့ Buletooth 5.0 တွေကို Support ရရှိဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Enco W31 ဟာ Enco Free နဲ့ ဒီဇိုင်းပိုင်း အနည်းငယ် ကွဲပြားပြီး 7mm Driver ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

Enco W31 ကို တစ်ကြိမ်အားသွင်းထားရင် Volume 50% နဲ့ ၃နာရီခွဲ ဆက်တိုက်သုံးနိုင်ပြီး၊ Charging Case ကနေလည်း နောက်ထပ် ၄ကြိမ် ဒါမှမဟုတ် ၁၅နာရီကြာ သုံးနိုင်အောင် အားသွင်းပေးနိုင်ပါတယ်။ OPPO Enco W31 ရဲ့ စျေးနှုန်းကတော့ ၆၉,၉၀၀ ကျပ် ဖြစ်ပါတယ်။

OPPO Enco M31 ကတော့ Bass အသားပေး Neckband Headphone အမျိူးအစားဖြစ်ပြီး 9.2mm Dynamic Driver ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Charging Port အတွက် USB Type-C ကို အသုံးပြုထားပြီး IPX5 Water Resistance ကို Support ပေးထားပါတယ်။ ဒါ့အပြင် ၁၂နာရီကြာ နားဆင်နိုင်မယ့် Battery Life နဲ့အတူ HD LossLess Sound Quality အတွက် LDAC ထောက်ပံ့မှုနဲ့ Hi-Res (Wireless) Audio အသိအမှတ်ပြုလက်မှတ်တွေလည်း ပါရှိပါသေးတယ်။ OPPO Enco M31 ရဲ့ စျေးနှုန်းကတော့ ၄၉,၉၀၀ ကျပ် ဖြစ်ပါတယ်။

တကယ်လို့ ဒီလိုမျိုး Wireless Earbuds တစ်ခုနဲ့ အိမ်မှာအလုပ်လုပ်နေတဲ့သူတွေရှိရင်လည်း ဘာအတွက်အများဆုံးအသုံးပြုနေကြသလဲဆိုတာကို Comment မှာ ပြန်လည်ဝေမျှပေးနိုင်ပါတယ်။