ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ ထူးခြားကောင်းမွန်သော စမတ်ဖုန်းများသာမက အဆင့်မြင့် နည်းပညာနှင့် ဖုန်းနှင့် အခြား ဆက်စပ်ပစ္စည်းများ လည်း ထုတ်လုပ်လျှက်ရှိရာ ယခုအခါ စွမ်းဆောင်ရည်မြင့်မားသော ကြိုးမဲ့ Enco Headphones များကို မြန်မာနိုင်ငံ စျေးကွက်တွင် မိတ်ဆက်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ဤ နားကြပ်များသည် OPPO ၏ ဆန်းသစ်ထူးခြားပြီး အဆင့်မြင့်နည်းပညာနှင့် ပြုလုပ်ထားသော OPPO ထုတ်ကုန်များမှ တစ်ဆင့် ပိုမို ထူးခြားသော သုံးစွဲမှုများ ‌ပေးစွမ်းနိုင်စေမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ ထုတ်လုပ်ထားခြင်းဖြစ် သည်။

မည်သည့်စမတ်ဖုန်းများနှင့် မဆို အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မည့် ကြည်လင်ကောင်းမွန်သည့် Audio Experience ကို ရရှိစေပြီး Ultra-dynamic Speakers ပါဝင်သော ပထမဦးဆုံး Wireless Headphones ဖြစ်သည့် OPPO Enco Free ကို မတ်လ ၁၈ ရက်နေ့တွင် OPPO ၏ Official Facebook Page တွင် တိုက်ရိုက် ထုတ်လွှင့်သည့် Online Launch Event မှ တစ်ဆင့် မြန်မာ‌ကျပ်ငွေ 139,900 ကျပ် ဖြင့် မြန်မာနိုင်ငံ စျေးကွက်ကို စတင်မိတ်ဆက်ခဲ့ကာ အဖြူရောင်နှင့် အနက်ရောင် အရောင်(၂) မျိုးနှင့် ဝယ်ယူရရှိနိုင်သည်။

OPPO Enco Free ကို မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/products/oppo-enco-free-i103704703-s1028350032.html?spm=a2a0e.8553159.0.0.586a6cc8FklEQ5&mp=3) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

မေလ ၁ ရက်မှ ၃၁ ရက်အတွင်း သတ်မှတ်ထားသော OPPO Reno Series (Reno3 Pro, Reno3, Reno2 & Reno2 F) မှ ထုတ်ကုန်တစ်ခုခုနှင့် OPPO Enco Free ကို တစ်ပါတည်းဝယ်ယူသူများအတွက်လည်း ကျပ် 20,000 တိတိကို ပြန်အမ်းငွေအဖြစ် ပေးအပ်သွားမည့် အစီအစဉ်ကိုလည်း ပြုလုပ်ပေးလျက်ရှိသည်။

တပ်ဆင်မှု ခိုင်မြဲအောင် ထိန်းပေးကာ ရေစိုခံပြီး ဖုန်ဝင်မှုကို ကာကွယ်ပေးတဲ့ လှပတဲ့ အဖြူရောင် ဒီဇိုင်းနဲ့ OPPO Enco W31 wireless headphones ကို မြန်မာကျပ်ငွေ 69,900 ကျပ် ဖြင့် မေလ ၂ ရက်နေ့က စပြီး မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/products/oppo-enco-w31-i103882475-s1028530330.html?spm=a2a0e.8553159.0.0.83fe6cc8wCFuBT&mp=3) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

High-Res wireless audio ပါဝင်ပြီး ကျစ်လစ်လှပသော အနက်ရောင် ဒီဇိုင်းနဲ့ OPPO Enco M31 Neckband Headphones ကို မြန်မာကျပ်ငွေ 49,900 ကျပ် ဖြင့် မေလ ၂ ရက်နေ့ကစပြီး မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်မှ ဖုန်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/products/oppo-enco-m31-i103880505-s1028530328.html?spm=a2a0e.8553159.0.0.83fe6cc86elZco&mp=3) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

မည်သည့်စမတ်ဖုန်းနဲ့မဆို အသင့်တော်ဆုံး OPPO Enco Free

OPPO Enco Free Headphones သည် စျေးကွက်ထဲတွင် 13.4 mm ultra-dynamic speakers ပါဝင်တဲ့ ပထမဆုံး ကြိုးမဲ့ နားကြပ်ဖြစ်ပြီး Slide and Tap intuitive Touch Controls, AAC Audio Support တို့ ပါဝင် သောကြောင့် မည်သည့် စမတ်ဖုန်းနဲ့ မဆို ချိတ်ဆက်သုံးစွဲရန် လွယ်ကူသည်။ Dual Magnetic Circuits နှင့် အဆင့်မြင့် Speaker ကြီးတွေမှာသာ အသုံးပြုသော FPC lever – technology ကိုသုံးထားသောကြောင့် Bass သံကောင်းကောင်း နားဆင်နိုင်သော နားကြပ်လည်း ဖြစ်သည်။ ဂိမ်းကစားသူများနှင့် video ကြည့်ရှုရတာကို နှစ်ခြိုက်သူတွေအတွက် Bluetooth Transmission တွင် အသံနောက်ကျခြင်း မဖြစ်အောင် OPPO Binaural Low-latency Bluetooth Transmission က Audio ကို ထည့်သွင်းပေးထားပြီး ဖုန်း Calls တွေအတွက် AI Noise Cancellation ပါရှိသောကြောင့် ဆူညံသော ပတ်ဝန်းကျင်တွင်ပင် အသံများကို ဖုန်းနဲ့ ၁၀မီတာ အကွာအဝေးထိ ကြည်လင်ပြတ်သားစွာ ကြားနိုင်မည်ဖြစ်သည်။ In-ear and Semi-in-ear Tips ကို စိတ်ကြိုက် လဲလှယ် အသုံးပြုနိုင်ပြီး ၂၅ နာရီကြာ အသုံးပြုနိုင်မည်ဖြစ်သည်။

သံစဥ်တွေနှင့် စိတ်ကြိုက် ပျော်မြူးနိုင်မည့် OPPO Enco W31

သင့်တင့်သော စျေးနှုန်းနှင့် ကြိုးမဲ့ နားကြပ်ကောင်းကောင်း ရှာနေသူများအတွက် သင့်တော်သော OPPO Enco W31 တွင် Binaural Low-latency Bluetooth Transmission ပါဝင်သောကြောင့် ဘယ် စမတ်ဖုန်းနဲ့မဆို အခက်အခဲ မရှိ အသုံးပြုနိုင်ပြီး ရေစိုခံကာ ဖုန်ဝင်မှုကို ကာကွယ်ပေးသည်။ ထို့ပြင် Wireless Range ၁၀ မီတာ ရှိပြီး နားတွင် ခိုင်မြဲစွာ တပ်ထားနိုင်သော ဒီဇိုင်းနှင့် ထုတ်လုပ်ထား၍ သွားလာလှုပ်ရှား အားကစား လုပ်ချိန် တို့တွင် အခက်အခဲမရှိ သုံးနိုင်သည်။သီချင်းနားထောင်ရာတွင် Balance Moodနှင့် Bass Mode ဟူ၍ Audio Mode (၂) မျိုးလည်း ပါဝင်ကာ ဖုန်းပြောတဲ့အချိန် ပြင်ပအသံပိုများ မပါစေဖို့ Anti-wind Noise Chambers နဲ့ Environmental Noise Cancellation Algorithm က လုပ်ဆောင်ပေးသည့်အပြင် နားကြပ် တစ်ဖက်စီတွင် Internal High Sensitivity Microphones (၂) ခုစီ ပါဝင်သောကြောင့် ကိုယ့်အသံကို တစ်ဖက်က ကြည်ကြည်လင်လင် ကြားရစေမည်ဖြစ်သည်။

Bassသံပြင်းပြင်းများနှင့်အတူ သွားလာလှုပ်ရှားနိုင်မယ့် OPPO Enco M31

ကျစ်လစ်လှပသော Neckband ဒီဇိုင်းနှင့် OPPO Enco M31 သည် 9.2mm Full-range Dynamic Drivers, PET Titanium Composite Diaphragms နှင့် Independent Bass Chambers တို့ ပါဝင်သော High-Res Wireless Audio Headphones ဖြစ်ပြီး AI Call Noise Reduction လည်း ပါရှိသောကြောင့် ဖုန်း ပြောဆိုရာမှာ မလိုအပ်သော တခြားအသံတွေ မပါအောင် လုပ်ဆောင်ပေးသည်။ Bluetooth 5.0 ပါဝင်သောကြောင့် ဖုန်းနှင့် ၁၀ မီတာကျော် ‌ဝေးကွာသော နေရာအထိ ကောင်းကောင်း ချိတ်ဆက်သုံးနိုင်မှာ ဖြစ်ပြီး (၁၂) နာရီကြာ အသုံးခံ သည်။

လှပသော အသွင်အပြင်၊ ကောင်းမွန်သော စွမ်းဆောင်ရည်များနှင့် အရည်အသွေးမြင့် OPPO Enco Headphones များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO Website Page (https://www.oppo.com/mm/accessory-headphone-oppo-enco-free/) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/287391841418711/posts/1601411090016773/)တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Source – OPPO