တန်ဖိုးကြီး ပစ္စည်းတွေကို လေလံတင် ရောင်းချတဲ့ Sotheby က အလန်းစား NFTs တွေကို လေလံတင် ရောင်းချမယ့် “Sotheby’s Metaverse” အမည်ရ NFTs ဈေးကွက်ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ Sotheyby ရဲ့ NFTs ဈေးကွက်မှာ Rare Pepe Card Collection က Card တွေအပါအဝင် ဒစ်ဂျစ်တယ် အနုပညာလက်ရာများစွာ ပါဝင်ပါတယ်။

Paris Hilton's New Word for Living Your Best Life Is So Hot - E! Online

Bitcoin (BTC) တွေ စံချိန်တင် မြင့်တက်ခဲ့တဲ့ အချိန်မတိုင်ခင် အောက်တိုဘာလ ၁၉ ရက်နေ့မှာ စီးပွားရေး လုပ်ငန်းရှင်၊ မော်ဒယ်၊ အဆိုတော်၊ မင်းသမီး စတဲ့ ဂုဏ်ပုဒ်များစွာ ပိုင်ဆိုင်ထားတဲ့ Paris Hilton  က Sotheby ရဲ့ Metaverse NFTs ဈေးကွက်မှာ သူမရဲ့ NFTs တွေကို ရောင်းချမယ်လို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူမက Sotheby ရဲ့ NFTs ဈေးကွက်မှာ ရောင်းချမယ့် သူမရဲ့ အနုပညာလက်ရာတွေကို ချစ်မြတ်နိုးပါတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Paris Hilton expanding her business with 11:11 media venture | Fox Business

Sotheby မှာ ရောင်းချမယ့် Hilton ရဲ့ NFTs တွေထဲမှာ Maalavidaa ဖန်တီးထားတဲ့ “Fractures” အမည်ရ အနုပညာလက်ရာ ပါဝင်ပါတယ်။ “Aether: Galaxy Goddess” လို့ခေါ်တဲ့ Serwah Attafuah ရဲ့ အနုပညာလက်ရာ၊ “ AQUARIUS- Keeper of the Amethyst Star” လို့ ခေါ်တဲ့ Chelsea Evenstar ရဲ့ အနုပညာလက်ရာတွေကိုလည်း ရောင်းချမှာ ဖြစ်ပါတယ်။

Sotheby ရဲ့ Website မှာ Hilton ဟာ သူမရဲ့ပထမဆုံး NFTs ကို ၂၀၂၀ ခုနှစ် မတ်လမှာ စတင် ဖန်တီးခဲ့ပြီး NFTs Awards Ceremony မှာ “Best Charity NFTs” ဆုကို ရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။ Hilton ဟာ NFTs တွေကို အနာဂတ် အနုပညာလက်ရာ အဖြစ် ရှုမြင်ထားပြီး သူမဟာ Cryptocurrency နဲ့ Blockchain နည်းပညာကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။

Ref : news.bitcoin