[Zawgyi]

စင္ကာပူကုမၸဏီေပါင္း ၂၀ ျဖင့္ ဖြဲ႕စည္းထားသည့္ Singapore Business Federation (SBF) သည္ ျမန္မာႏိုင္ငံသို႔ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၂၄ ရက္ေန႔က လာေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံ၏စီးပြားေရးလုပ္ငန္းႏွင့္ ေဆာက္လုပ္ေရးက႑တို႔တြင္ ပူးေပါင္းလုပ္ကိုင္ရန္ အခြင့္အလမ္းမ်ားကို လာေရာက္ေလ့လာခဲ့ရာ PEB Steel Myanmar မွ သီလဝါအထူးစီးပြားေရးဇုန္ရွိ PEB သံမဏိစက္႐ုံသို႔ ေလ့လာေရး လွည့္လည္ျပသခဲ့ၿပီး SBF ကိုယ္စားလွည္မ်ားႏွင့္ ဧည့္သည္ေတာ္မ်ားအား PEB Steel မွ ျမန္မာႏိုင္ငံတြင္ လုပ္ေဆာင္ ေနသည့္ လုပ္ငန္းမ်ားႏွင့္ ေအာင္ျမင္ၿပီးစီးခဲ့သည့္ စီမံကိန္းမ်ားအေၾကာင္း ပိုမိုနားလည္ေစရန္ ရွင္းလင္းျပသခဲ့သည္။

“ကြၽန္ေတာ္တို႔ PEB Steel ရဲ႕ ျမန္မာစက္႐ုံကေနၿပီးေတာ့ SBF ကိုယ္စားလွယ္ေတြကို ႀကိဳဆိုဧည့္ခံခြင့္ရတာ ဂုဏ္ယူ မိပါတယ္၊ စင္ကာပူစီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ ျမန္မာမွာ သူတို႔ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြမွာ ပူးေပါင္း လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ဟာ တကယ္ကို ကြၽမ္းက်င္အတတ္ပညာရွင္ပီသၿပီး အရည္အေသြးစိတ္ခ်ရတယ္ဆိုတာကို ျပသ ႏိုင္ခဲ့ပါတယ္”ဟု PEB Steel Myanmar ၏ အေထြေထြမန္ေနဂ်ာျဖစ္သူ Mr.Nanda Kumar က ေျပာသည္။ “ကမာၻတဝွန္းလုံးမွာေရာ ျမန္မာမွာပါ လုပ္ေဆာင္ခဲ့တဲ့ စီမံကိန္းေပါင္း ၅,၅၀၀ ေက်ာ္ကေန ရရွိတဲ့ က်ယ္ျပန႔္တဲ့ အေတြ႕အႀကဳံေတြေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ပူးေပါင္းလုပ္ေဆာင္မယ့္ မိတ္ဖက္အဖြဲ႕အစည္းေတြအတြက္ ျပည့္စုံမႈ၊ အေကာင္းဆုံးထုတ္ကုန္အရည္အေသြးနဲ႔ အေကာင္းမြန္ဆုံးဝန္ေဆာင္မႈေတြကို ေပးႏိုင္မယ့္ လက္တန္းေ႐ြး ခ်ယ္ခ်င္စရာ အဖြဲ႕အစည္းျဖစ္မယ္ဆိုတာ ယုံၾကည္ပါတယ္”ဟု ေျပာသည္။

PEB Steel သည္ အင္ဂ်င္နီယာမ်ား၊ ပစၥည္းဝယ္ယူေရးအဖြဲ႕မ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားႏွင့္ လုပ္ငန္း တဆင့္ခံ လုပ္ေဆာင္သူမ်ား၊ ေဆာက္လုပ္ေရးပစၥည္းကုမၸဏီမ်ား၊ စီမံကိန္းအႀကံေပးမ်ားႏွင့္ ဗိသုကာမ်ား ပါဝင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ျပဳလုပ္ေသာ အေမးအေျဖက႑တြင္ လုပ္ငန္းမ်ား၊ ျမန္မာျပည္ႏွင့္သက္ဆိုင္ေသာ တိုးတက္မႈမ်ားအေၾကာင္းကို မွ်ေဝခဲ့ၿပီး လက္ရွိ တည္ေဆာက္ေရးလုပ္ငန္းမ်ားမွစ၍ ေနာက္ထပ္လုပ္ေဆာင္မည့္ စီမံကိန္းမ်ားအတြက္ ေဆာင္႐ြက္ရႏိုင္ျခင္းရွိမရွိေလ့လာျခင္းႏွင့္ ကုန္က်စရိတ္တြက္ခ်က္ျခင္းမ်ားအထိ ဝန္ေဆာင္ ေပးႏိုင္ေၾကာင္း ေျဖၾကားခဲ့သည္။

ေလ့လာေရးခရီးစဥ္အတြင္း SBF သည္ မိတ္စုံညစာစားပြဲကိုလည္း စက္တင္ဘာလ ၂၆ ရက္ေန႔၌ Pan Pacific ဟိုတယ္တြင္ ျပဳလုပ္မည္ျဖစ္ၿပီး PEB Steel၊ DICA၊ ျမန္မာႏိုင္ငံရွိ စင္ကာပူသံ႐ုံးမွ တာဝန္ရွိသူမ်ား၊ သီလဝါအထူး စီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီဝင္မ်ား၊ Yoma၊ BYMA၊ ေ႐ႊေတာင္၊ Capital Construction (CDSG)၊ Max Myanmar, Htoo Group, Bosch, I&H, SIKA, Surbana Jurong ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကမည္ျဖစ္သည္။

PEB သည္ စက္႐ုံမ်ား၊ သိုေလွာင္႐ုံမ်ား၊ ျပခန္းမ်ား၊ စီးပြားေရးကုန္သြယ္စင္တာမ်ား၊ ေဈး႐ုံမ်ား၊ အားကစားခန္းမမ်ား၊ ျပခန္းမ်ား၊ ေလယာဥ္သိုေလွာင္စခန္းမ်ား အစရွိသည္တို႔အတြက္ လိုအပ္သည့္ သံမဏိအေဆာက္အအုံ အစိတ္အပိုင္းမ်ား အတြက္ ပုံစံေရးဆြဲျခင္း၊ အစိတ္အပိုင္းတီထြင္ျခင္းႏွင့္ တပ္ဆင္ျခင္းတြင္ အထူးျပဳလုပ္ေဆာင္သည္။ ျမန္မာျပည္တြင္းကုမၸဏီတစ္ခုအေနျဖင့္ PEB သည္ အလုပ္အပ္ႏွံသူမ်ားအတြက္ အရည္အေသြးေကာင္းၿပီး ေဈးႏႈန္း သက္သာသည့္ အဆင္သင့္တပ္ဆင္ႏိုင္သည့္ ပစၥည္းမ်ားကို ျပဳလုပ္ဖန္တီးေပးသည္သာမကဘဲ ျမန္မာျပည္သူ ျပည္သားမ်ားအတြက္ အလုပ္အကိုင္မ်ားကိုပါ ဖန္တီးေပးၿပီး ကြၽမ္းက်င္မႈအရည္အေသြးကို ျမႇင့္တင္ေပးကာ ျမန္မာျပည္၏ ထူးခြၽန္သူမ်ားကို ပိုမိုက်ယ္ျပန႔္ေသာနယ္ပယ္မ်ားသို႔ ျမႇင့္တင္ေပးေနသည္။

ျမန္မာျပည္အတြက္လိုအပ္သည့္ သံမဏိထုတ္ကုန္မ်ား၏ ၉၅% အထိကို ျပည္ပမွတင္သြင္းရစဥ္က PEB Steel သည္ စက္႐ုံမ်ားႏွင့္သိုေလွာင္႐ုံမ်ားအတြက္ လိုအပ္ေသာ အရည္အေသြးျမင့္သံမဏိအစိတ္အပိုင္းမ်ားကို မ်ားစြာပိုမိုခ်ိဳ သာေသာေဈးႏႈန္း၊ တင္သြင္းခ်ိန္ၾကာျမင့္မႈေလွ်ာ့ခ်ၿပီး ဝန္ေဆာင္မႈအေကာင္းဆုံးေပးကာ အသုံးျပဳႏိုင္ရန္ ျမန္မာျပည္တြင္းထုတ္သံမဏိမ်ားလိုအပ္ေၾကာင္း သက္ေသျပႏိုင္ခဲ့သည္။

ႏိုင္ငံတြင္းသို႔ တင္ပို႔ေနသည့္ စိုးရိမ္ဖြယ္ရာမ်ားျပားလွေသာ သံမဏိပမာဏအေၾကာင္းကို “ျမန္မာျပည္ရဲ႕ သံမဏိ လုပ္ငန္းက႑က အိမ္နီးခ်င္းတိုင္းျပည္ေတြနဲ႔ယွဥ္ရင္ ပစၥည္းပိုင္းေရာ လုပ္အားခပိုင္းမွာပါ အရမ္းကို သက္သာပါတယ္၊ ျပည္တြင္းက ထုတ္လုပ္သူေတြအေနနဲ႔ ေတြ႕ႀကဳံရတဲ့ အခက္အခဲက သူတို႔ရဲ႕ သံမဏိထုတ္ကုန္ေတြ မေကာင္းလို႔ မဟုတ္ဘဲ ျမန္မာျပည္မွာ အရည္အေသြးစံႏႈန္းေတြ အတိအက်သတ္မွတ္ထားတာမရွိေတာ့ ႏိုင္ငံျခားက အရည္အေသြး မျပည့္မီတဲ့ ထုတ္ကုန္ေတြ အမ်ားအျပားဝင္လာၿပီး ျပည္တြင္းက သံမဏိအေပၚ ေဈးကြက္အသာရ သြားတာမ်ိဳးျဖစ္ပါတယ္၊ ဒါေၾကာင့္ ျမန္မာျပည္သံမဏိေဈးကြက္ကို ၿခိမ္းေျခာက္ေနတဲ့ မမွ်တတဲ့ ႏိုင္ငံျခား ယွဥ္ၿပိဳင္မႈေတြကေန ျပည္တြင္းသံမဏိလုပ္ငန္းေတြကို ကာကြယ္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္”ဟု PEB မွ Mr. Nanda Kumar ကေျပာသည္။

[Unicode]

PEB Steel နှင့် Singapore Business Federation မြန်မာကိုယ်စားလှယ်အဖွဲ့တို့ စီးပွားရေးပူးပေါင်းမှုများပြုလုပ်ရန်ဆွေးနွေးလျက်ရှိ

စင်ကာပူကုမ္ပဏီပေါင်း ၂၀ ဖြင့် ဖွဲ့စည်းထားသည့် Singapore Business Federation (SBF) သည် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ပူးပေါင်းလုပ်ကိုင်ရန် အခွင့်အလမ်းများကို လာရောက်လေ့လာခဲ့ရာ PEB Steel Myanmar မှ သီလဝါအထူးစီးပွားရေးဇုန်ရှိ PEB သံမဏိစက်ရုံသို့ လေ့လာရေး လှည့်လည်ပြသခဲ့ပြီး SBF ကိုယ်စားလှည်များနှင့် ဧည့်သည်တော်များအား PEB Steel မှ မြန်မာနိုင်ငံတွင် လုပ်ဆောင် နေသည့် လုပ်ငန်းများနှင့် အောင်မြင်ပြီးစီးခဲ့သည့် စီမံကိန်းများအကြောင်း ပိုမိုနားလည်စေရန် ရှင်းလင်းပြသခဲ့သည်။

“ကျွန်တော်တို့ PEB Steel ရဲ့ မြန်မာစက်ရုံကနေပြီးတော့ SBF ကိုယ်စားလှယ်တွေကို ကြိုဆိုဧည့်ခံခွင့်ရတာ ဂုဏ်ယူ မိပါတယ်၊ စင်ကာပူစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာမှာ သူတို့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ဖို့ ကျွန်တော်တို့ဟာ တကယ်ကို ကျွမ်းကျင်အတတ်ပညာရှင်ပီသပြီး အရည်အသွေးစိတ်ချရတယ်ဆိုတာကို ပြသ နိုင်ခဲ့ပါတယ်”ဟု PEB Steel Myanmar ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr.Nanda Kumar က ပြောသည်။ “ကမ္ဘာတဝှန်းလုံးမှာရော မြန်မာမှာပါ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းပေါင်း ၅,၅၀၀ ကျော်ကနေ ရရှိတဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေကြောင့် ကျွန်တော်တို့ဟာ ပူးပေါင်းလုပ်ဆောင်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေအတွက် ပြည့်စုံမှု၊ အကောင်းဆုံးထုတ်ကုန်အရည်အသွေးနဲ့ အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေကို ပေးနိုင်မယ့် လက်တန်းရွေး ချယ်ချင်စရာ အဖွဲ့အစည်းဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ပြောသည်။

PEB Steel သည် အင်ဂျင်နီယာများ၊ ပစ္စည်းဝယ်ယူရေးအဖွဲ့များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် လုပ်ငန်း တဆင့်ခံ လုပ်ဆောင်သူများ၊ ဆောက်လုပ်ရေးပစ္စည်းကုမ္ပဏီများ၊ စီမံကိန်းအကြံပေးများနှင့် ဗိသုကာများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပြုလုပ်သော အမေးအဖြေကဏ္ဍတွင် လုပ်ငန်းများ၊ မြန်မာပြည်နှင့်သက်ဆိုင်သော တိုးတက်မှုများအကြောင်းကို မျှဝေခဲ့ပြီး လက်ရှိ တည်ဆောက်ရေးလုပ်ငန်းများမှစ၍ နောက်ထပ်လုပ်ဆောင်မည့် စီမံကိန်းများအတွက် ဆောင်ရွက်ရနိုင်ခြင်းရှိမရှိလေ့လာခြင်းနှင့် ကုန်ကျစရိတ်တွက်ချက်ခြင်းများအထိ ဝန်ဆောင် ပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။

လေ့လာရေးခရီးစဉ်အတွင်း SBF သည် မိတ်စုံညစာစားပွဲကိုလည်း စက်တင်ဘာလ ၂၆ ရက်နေ့၌ Pan Pacific ဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ပြီး PEB Steel၊ DICA၊ မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးမှ တာဝန်ရှိသူများ၊ သီလဝါအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ Yoma၊ BYMA၊ ရွှေတောင်၊ Capital Construction (CDSG)၊ Max Myanmar, Htoo Group, Bosch, I&H, SIKA, Surbana Jurong နှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။

PEB သည် စက်ရုံများ၊ သိုလှောင်ရုံများ၊ ပြခန်းများ၊ စီးပွားရေးကုန်သွယ်စင်တာများ၊ ဈေးရုံများ၊ အားကစားခန်းမများ၊ ပြခန်းများ၊ လေယာဉ်သိုလှောင်စခန်းများ အစရှိသည်တို့အတွက် လိုအပ်သည့် သံမဏိအဆောက်အအုံ အစိတ်အပိုင်းများ အတွက် ပုံစံရေးဆွဲခြင်း၊ အစိတ်အပိုင်းတီထွင်ခြင်းနှင့် တပ်ဆင်ခြင်းတွင် အထူးပြုလုပ်ဆောင်သည်။ မြန်မာပြည်တွင်းကုမ္ပဏီတစ်ခုအနေဖြင့် PEB သည် အလုပ်အပ်နှံသူများအတွက် အရည်အသွေးကောင်းပြီး ဈေးနှုန်း သက်သာသည့် အဆင်သင့်တပ်ဆင်နိုင်သည့် ပစ္စည်းများကို ပြုလုပ်ဖန်တီးပေးသည်သာမကဘဲ မြန်မာပြည်သူ ပြည်သားများအတွက် အလုပ်အကိုင်များကိုပါ ဖန်တီးပေးပြီး ကျွမ်းကျင်မှုအရည်အသွေးကို မြှင့်တင်ပေးကာ မြန်မာပြည်၏ ထူးချွန်သူများကို ပိုမိုကျယ်ပြန့်သောနယ်ပယ်များသို့ မြှင့်တင်ပေးနေသည်။

မြန်မာပြည်အတွက်လိုအပ်သည့် သံမဏိထုတ်ကုန်များ၏ ၉၅% အထိကို ပြည်ပမှတင်သွင်းရစဉ်က PEB Steel သည် စက်ရုံများနှင့်သိုလှောင်ရုံများအတွက် လိုအပ်သော အရည်အသွေးမြင့်သံမဏိအစိတ်အပိုင်းများကို များစွာပိုမိုချို သာသောဈေးနှုန်း၊ တင်သွင်းချိန်ကြာမြင့်မှုလျှော့ချပြီး ဝန်ဆောင်မှုအကောင်းဆုံးပေးကာ အသုံးပြုနိုင်ရန် မြန်မာပြည်တွင်းထုတ်သံမဏိများလိုအပ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

နိုင်ငံတွင်းသို့ တင်ပို့နေသည့် စိုးရိမ်ဖွယ်ရာများပြားလှသော သံမဏိပမာဏအကြောင်းကို “မြန်မာပြည်ရဲ့ သံမဏိ လုပ်ငန်းကဏ္ဍက အိမ်နီးချင်းတိုင်းပြည်တွေနဲ့ယှဉ်ရင် ပစ္စည်းပိုင်းရော လုပ်အားခပိုင်းမှာပါ အရမ်းကို သက်သာပါတယ်၊ ပြည်တွင်းက ထုတ်လုပ်သူတွေအနေနဲ့ တွေ့ကြုံရတဲ့ အခက်အခဲက သူတို့ရဲ့ သံမဏိထုတ်ကုန်တွေ မကောင်းလို့ မဟုတ်ဘဲ မြန်မာပြည်မှာ အရည်အသွေးစံနှုန်းတွေ အတိအကျသတ်မှတ်ထားတာမရှိတော့ နိုင်ငံခြားက အရည်အသွေး မပြည့်မီတဲ့ ထုတ်ကုန်တွေ အများအပြားဝင်လာပြီး ပြည်တွင်းက သံမဏိအပေါ် ဈေးကွက်အသာရ သွားတာမျိုးဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာပြည်သံမဏိဈေးကွက်ကို ခြိမ်းခြောက်နေတဲ့ မမျှတတဲ့ နိုင်ငံခြား ယှဉ်ပြိုင်မှုတွေကနေ ပြည်တွင်းသံမဏိလုပ်ငန်းတွေကို ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု PEB မှ Mr. Nanda Kumar ကပြောသည်။