Philips က တရုတ်မှာ PH1 စမတ်ဖုန်းကို ကြေညာလိုက်ပြီး အရွယ်သေး Notch နဲ့ အရွယ်ကြီး ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ ၆.၅၁၇ လက်မ LCD မျက်နှာပြင် တပ်ဆင်ထားပြီး HD+ Resolution ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Philips PH1

အနောက်ကင်မရာတွေအကြောင်း ပြောရရင် 13MP Main နဲ့ 3MP တွေ ထည့်သွင်းထားပြီး Android OS မောင်းနှင်ထားပေမယ့် Version အတိအကျကို မသိရသေးပါဘူး။ လက်ဗွေရာ အာရုံခံ ကိရိယာ မပါလာဘဲ Face Unlock ပဲ အသုံးပြုနိုင်မှာပါ။

Philips PH1 မှာ Unisoc T310 Chip မောင်းနှင်ထားပြီး 4GB RAM ထည့်ထားပါတယ်။ Storage အပိုင်းမှာ 32GB နဲ့ 64GB ရွေးချယ်နိုင်ပါတယ်။ Rapid Charging ထောက်ပံ့တဲ့ အရွယ်ကြီး 4,700mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ တခြား လုပ်ဆောင်ချက်တွေအနေနဲ့ Dual SIM support, Wi-Fi 802.11 b/g/n, Bluetooth, GPS,  USB-C Port နဲ့ 3.5mm Audio Jack တွေ ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံက 165.5 x 76.5 x 9.5mm ဖြစ်ပြီး အလေးချိန်က ၁၉၄ ဂရမ် ဖြစ်ပါတယ်။

Philips PH1 ရဲ့ 4GB RAM/32GB Storage နဲ့ 4GB RAM/64GB Storage ကို တရုတ်မှာ ၄၉၉ ယွမ်၊ ၅၆၉ ယွမ် အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၁၄၀,၀၀၀ နဲ့ ၁၆၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။ အရောင်တွေအနေနဲ့ အပြာ၊ အနက်နဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina