ရှေးခေတ် အဂ္ဂိရတ်ဆရာတွေ ရာစုနှစ်များစွာ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ခဲကို ရွှေဖြစ်အောင် လုပ်တဲ့နည်းလမ်းကို သိပ္ပံပညာရှင်တွေ မတော်တဆ တွေ့ရှိသွားခဲ့ပါပြီ။ ဆွစ်ဇာလန်နိုင်ငံက Large Hadron Collider (LHC) မှာ Big Bang ဖြစ်ပြီးကာစ အခြေအနေကို လေ့လာဖို့ စမ်းသပ်နေရင်း ဒီဖြစ်စဉ် ဆန်းဆန်းပြားပြားကြီး ပေါ်ပေါက်လာခဲ့တာပါ။ ပညာရှင်တွေဟာ ခဲအက်တမ်တွေကို အလင်းအလျင်နီးပါးနှုန်းနဲ့ ပစ်လွှတ်တိုက်ခိုက်ရင်း မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Physicists mimicking Big Bang accidentally turn lead into gold - Yahoo Life  UK

ဒီစမ်းသပ်မှုမှာ အက်တမ်တချို့က ထိပ်တိုက်မတိုးမိဘဲ ဘေးချင်းကပ်ပြီး လွဲချော်သွားခဲ့ပါတယ်။ ဒီလို “ကပ်လွဲသွားတဲ့” အရှိန်ကြောင့် ပြင်းထန်တဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေ ဖြစ်ပေါ်လာပြီး ခဲအက်တမ်ထဲက ပရိုတွန်တွေကို အတင်းအဓမ္မ တွန်းထုတ်လိုက်သလို ဖြစ်သွားပါတယ်။ ခဲမှာ ရွှေထက် ပရိုတွန် ၃ လုံး ပိုများတာကြောင့် ပရိုတွန် ၃ လုံး အတိအကျ ပြုတ်ထွက်သွားတဲ့အခါ ကျန်ရစ်တဲ့ နျူကလိယက ရွှေအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့တာပါ။

Scientists mimicking the Big Bang accidentally turn lead into gold | The  Independent

ဒါဆို ဒီနည်းနဲ့ ချမ်းသာနိုင်မလားလို့ မေးစရာ ရှိလာပါတယ်။ လက်တွေ့မှာတော့ ထွက်ရှိလာတဲ့ ရွှေပမာဏဟာ မျက်စိနဲ့တောင် မမြင်နိုင်လောက်အောင် နည်းပါးလွန်းလှပါတယ်။ စမ်းသပ်မှုအတွင်း တစ်စက္ကန့်ကို ရွှေအက်တမ် ၈၉,၀၀၀ လောက် ဖြစ်ပေါ်ခဲ့ပေမယ့် စုစုပေါင်းပမာဏက ဂရမ်တစ်ခုရဲ့ ၁ ထရီလီယံပုံ ၂၉ ပုံလောက်သာ ရှိတာပါ။ သုတေသီတွေက ထွက်လာတဲ့ ပရိုတွန်တွေကို အထူးကိရိယာတွေနဲ့ စစ်ဆေးပြီးမှသာ ဒီလိုရွှေဖြစ်သွားမှန်း အတည်ပြုနိုင်ခဲ့တာပါ။

CERN သိပ္ပံပညာရှင်တွေကတော့ ဒီတွေ့ရှိချက်ဟာ စီးပွားရေးအရ တွက်ခြေမကိုက်ပေမယ့် သိပ္ပံပညာလောကအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ တွေ့ရှိမှုလို့ ဆိုပါတယ်။ ဒီလို အက်တမ်ပြောင်းလဲမှု ဖြစ်စဉ်တွေကို နားလည်ထားခြင်းအားဖြင့် စကြာဝဠာရဲ့ အခြေခံ ဒြပ်ဝတ္ထုသဘောတရားတွေကို လေ့လာမယ့် အနာဂတ် စမ်းသပ်မှုတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာမို့လို့ပါပဲ။

Ref : Technology Innovation