[Zawgyi]
လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကပဲ Pixel 4 ဟာ 8x Zoom, 6GB RAM နဲ႔ Motion Mode ေတြ ပါဝင္လာမယ္လို႔ သတင္းေပါက္ၾကားမႈ ျဖစ္ခဲ့ပါေသးတယ္။ အဲဒီသတင္းေပါက္ၾကားမႈထဲမွာ Pixel 4 ရဲ႕ ကင္မရာပိုင္းနဲ႔ပတ္သက္ၿပီး Google က ႂကြားခဲ့တာ ရွိပါေသးတယ္။ အဲဒါက “ၾကယ္စုံတဲ့ေကာင္းကင္ကိုေတာင္ ႐ိုက္ကူးႏိုင္တယ္” ဆိုတာပါ။
အခုလည္း Google က ႂကြားလုံးထုတ္ထားတဲ့အေၾကာင္းကို ေတြ႕ျမင္ႏိုင္တဲ့ Pixel 4 ရဲ႕ တရားဝင္ ပ႐ိုမိုဗီဒီယိုဟာ ေပါက္ၾကားလာခဲ့ျပန္ပါတယ္။ (ဒီတစ္ခါေတာ့ Google က တမင္သက္သက္ ထုတ္လိုက္တာမဟုတ္ပါဘူး။ ဒါေပမယ့္ စိတ္မေကာင္းစြာပဲ အဲ့ဒီဗီဒီယိုကို Google က YouTube ေပၚကေန ဖယ္ရွားလိုက္ပါတယ္။) ဗီဒီယိုထဲမွာေတာ့ လာမယ့္ Pixel 4 ေတြမွာ ပါဝင္မယ့္ Feature ေတြအေၾကာင္း ေဖာ္ျပထားတာပါ။
Radar-based Motion Sense ကိုလည္း ေတြ႕ျမင္ရတယ္ဆိုေပမယ့္ စိတ္ဝင္စားစရာအေကာင္းဆုံးက ကင္မရာအေၾကာင္း ေဖာ္ျပထားတဲ့ “even get the stars” ဆိုတာပါပဲ။ လက္ေတြ႕မွာ တကယ္ပဲ ၾကယ္စုံေကာင္းကင္ကို ဘယ္ေလာက္ အထင္ႀကီးစရာ ႐ိုက္ကူးႏိုင္မလဲဆိုတာကေတာ့ ဆက္ၿပီးေတာ့ ေစာင့္ၾကည့္ရမွာပါ။
ၿပီးခဲ့တဲ့ေပါက္ၾကားမႈဓါတ္ပုံမွာ Pixel 4 ကင္မရာဟာ 8x Zoom နဲ႔ဆိုတာ ေသခ်ာေတြ႕ျမင္ခဲ့ၾကရပါတယ္။ ဒါဟာ Pixel ေတြကို ကင္မရာပိုင္းမွာ သိသိသာသာ တိုးျမႇင့္ေပးလာတဲ့အေပၚ ပိုၿပီးစိတ္ဝင္စားစရာ ျဖစ္ေစပါတယ္။ အထူးသျဖင့္ ကင္မရာနဲ႔ ဓါတ္ပုံအရည္အေသြးမွာ ထိပ္တန္းအဆင့္ရွိေနတဲ့ Pixel ေတြအတြက္ ေနာက္ထပ္အဆင့္တစ္ခုဆီ ေရာက္သြားတယ္လို႔ေတာ့ ဆိုႏိုင္ပါလိမ့္မယ္။
Ref: Phone Arena
[Unicode]
Google Pixel 4 ရဲ့ Feature တွေအကြောင်း တရားဝင်ပရိုမိုဗီဒီယို ပေါက်ကြားလာ
လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ Pixel 4 ဟာ 8x Zoom, 6GB RAM နဲ့ Motion Mode တွေ ပါဝင်လာမယ်လို့ သတင်းပေါက်ကြားမှု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီသတင်းပေါက်ကြားမှုထဲမှာ Pixel 4 ရဲ့ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး Google က ကြွားခဲ့တာ ရှိပါသေးတယ်။ အဲဒါက “ကြယ်စုံတဲ့ကောင်းကင်ကိုတောင် ရိုက်ကူးနိုင်တယ်” ဆိုတာပါ။
အခုလည်း Google က ကြွားလုံးထုတ်ထားတဲ့အကြောင်းကို တွေ့မြင်နိုင်တဲ့ Pixel 4 ရဲ့ တရားဝင် ပရိုမိုဗီဒီယိုဟာ ပေါက်ကြားလာခဲ့ပြန်ပါတယ်။ (ဒီတစ်ခါတော့ Google က တမင်သက်သက် ထုတ်လိုက်တာမဟုတ်ပါဘူး။ ဒါပေမယ့် စိတ်မကောင်းစွာပဲ အဲ့ဒီဗီဒီယိုကို Google က YouTube ပေါ်ကနေ ဖယ်ရှားလိုက်ပါတယ်။) ဗီဒီယိုထဲမှာတော့ လာမယ့် Pixel 4 တွေမှာ ပါဝင်မယ့် Feature တွေအကြောင်း ဖော်ပြထားတာပါ။
Radar-based Motion Sense ကိုလည်း တွေ့မြင်ရတယ်ဆိုပေမယ့် စိတ်ဝင်စားစရာအကောင်းဆုံးက ကင်မရာအကြောင်း ဖော်ပြထားတဲ့ “even get the stars” ဆိုတာပါပဲ။ လက်တွေ့မှာ တကယ်ပဲ ကြယ်စုံကောင်းကင်ကို ဘယ်လောက် အထင်ကြီးစရာ ရိုက်ကူးနိုင်မလဲဆိုတာကတော့ ဆက်ပြီးတော့ စောင့်ကြည့်ရမှာပါ။
ပြီးခဲ့တဲ့ပေါက်ကြားမှုဓါတ်ပုံမှာ Pixel 4 ကင်မရာဟာ 8x Zoom နဲ့ဆိုတာ သေချာတွေ့မြင်ခဲ့ကြရပါတယ်။ ဒါဟာ Pixel တွေကို ကင်မရာပိုင်းမှာ သိသိသာသာ တိုးမြှင့်ပေးလာတဲ့အပေါ် ပိုပြီးစိတ်ဝင်စားစရာ ဖြစ်စေပါတယ်။ အထူးသဖြင့် ကင်မရာနဲ့ ဓါတ်ပုံအရည်အသွေးမှာ ထိပ်တန်းအဆင့်ရှိနေတဲ့ Pixel တွေအတွက် နောက်ထပ်အဆင့်တစ်ခုဆီ ရောက်သွားတယ်လို့တော့ ဆိုနိုင်ပါလိမ့်မယ်။
Ref: Phone Arena