Zawgyi
ယခုလအေစာပိုင္းမွာ Google Pixel 4 XL စမတ္ဖုန္းႀကီးရဲ႕ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ အခုတစ္ခါ ပုိအရြယ္အစားေသးတဲ့ ဗားရွင္းအတြက္လည္း ပိုမုိတိက်တဲ့ Render ပုံရိပ္ေတြထြက္ေပၚလာျပန္ပါတယ္။ Render ပုံအသစ္ေတြဟာ ပုံမွန္အရြယ္ Pixel 4 ရဲ႕ဒီဇုိင္းကိုသာမက Pixel XL ရဲ႕အရြယ္ ဘယ္ေလာက္ႀကီးလိမ့္မယ္ ဆုိတာကိုပါ ႏႈိင္းယွဥ္ၾကည့္ႏုိင္ေစခဲ့တာကို ေတြ႕ရမွာပါ။
ဒီဇုိင္းပိုင္းမွာေတာ့ ဒီဗားရွင္းႏွစ္မ်ဳိးၾကားမွာ သိပ္ကြာျခားမႈမရွိပါဘူး။ ဒါေၾကာင့္ Pixel 4 ပုံမွန္ဗားရွင္းဟာ Pixel 4 XL ရဲ႕ ပိုေသးငယ္တဲ့ပုံစံပဲျဖစ္ေနၿပီး ေရွ႕ဘက္ကင္မရာအတြက္လည္း Hole ေတြ Notch ေတြ မပါျပန္ပါဘူး။ Render ပုံရိပ္ေတြဟာ ထုတ္လုပ္သူေတြဆီက ရတဲ့အခ်က္အလက္ေတြကို အေျခခံ တည္ေဆာက္ေရးဆြဲထားတာေၾကာင့္ တစ္ခ်ဳိ႕ကြဲလြဲမႈေတြေတာ့ က်န္ေနႏုိင္ေသးၿပီး အခုပုံေတြထဲမွာ စတီရီယုိ စပီကာေတြအတြက္ ေနရာစတာေတြကို မေတြ႕ရပါဘူး။
Render ပုံေတြအျပင္ Pixel 4 နဲ႔ 4 XL အတြက္ Screen Protector ေတြကိုလည္း ျမင္ေတြ႕ရၿပီး ေရွ႕ဘက္အေပၚ Chin ေနရာမွာ ကင္မရာသုံးလုံးစာအတြက္ ျဖတ္ထားတာကို ေတြ႕ရတယ္။ ႏွစ္ခုက ပုံမွန္ဆယ္ဖီကင္မရာအတြက္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ နည္းပညာျမင့္ Facial Recognition ဆင္ဆာစနစ္ အတြက္ျဖစ္ပါတယ္။ အေပၚညာဘက္ေထာင့္မွာေတာ့ ဘာအတြက္မွန္းမသိရေသးတဲ့ ေနရာလြတ္ႀကီးတစ္ခုကို ေတြ႕ရမွာပါ။
သတင္းထြက္ေနတာေတာ့ Google ဟာ ဒီတစ္ခါ ဟန္းဆက္ေပၚမွာ Project Soli လုိ႔ေခၚတဲ့ ေရဒါ စတုိင္ နည္းပညာအသစ္ကို ထည့္သြင္းလာဖို႔ရွိပါတယ္။ သူဟာ ေရဒါစနစ္ရဲ႕ အလုပ္လုပ္ပုံအတုိင္း လႈပ္ရွားမႈနဲ႔ လက္အျပဳအမူေတြကို တိက်စြာေျခရာခံႏုိင္မွာျဖစ္ပါတယ္။ ဒီစနစ္ကို ၂၀၁၅ ခုႏွစ္က Google I/O ပြဲမွာ ပထမဆုံး မိတ္ဆက္ခဲ့တာျဖစ္ၿပီး အတိအက်အသုံးဝင္ပုံကိုေတာ့ တကယ္တမ္းထြက္လာမွသိႏုိင္မွာပါ။
Ref – GSM Arena
Unicode
ယခုလအစောပိုင်းမှာ Google Pixel 4 XL စမတ်ဖုန်းကြီးရဲ့ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခုတစ်ခါ ပိုအရွယ်အစားသေးတဲ့ ဗားရှင်းအတွက်လည်း ပိုမိုတိကျတဲ့ Render ပုံရိပ်တွေထွက်ပေါ်လာပြန်ပါတယ်။ Render ပုံအသစ်တွေဟာ ပုံမှန်အရွယ် Pixel 4 ရဲ့ဒီဇိုင်းကိုသာမက Pixel XL ရဲ့အရွယ် ဘယ်လောက်ကြီးလိမ့်မယ် ဆိုတာကိုပါ နှိုင်းယှဉ်ကြည့်နိုင်စေခဲ့တာကို တွေ့ရမှာပါ။
ဒီဇိုင်းပိုင်းမှာတော့ ဒီဗားရှင်းနှစ်မျိုးကြားမှာ သိပ်ကွာခြားမှုမရှိပါဘူး။ ဒါကြောင့် Pixel 4 ပုံမှန်ဗားရှင်းဟာ Pixel 4 XL ရဲ့ ပိုသေးငယ်တဲ့ပုံစံပဲဖြစ်နေပြီး ရှေ့ဘက်ကင်မရာအတွက်လည်း Hole တွေ Notch တွေ မပါပြန်ပါဘူး။ Render ပုံရိပ်တွေဟာ ထုတ်လုပ်သူတွေဆီက ရတဲ့အချက်အလက်တွေကို အခြေခံ တည်ဆောက်ရေးဆွဲထားတာကြောင့် တစ်ချို့ကွဲလွဲမှုတွေတော့ ကျန်နေနိုင်သေးပြီး အခုပုံတွေထဲမှာ စတီရီယို စပီကာတွေအတွက် နေရာစတာတွေကို မတွေ့ရပါဘူး။
Render ပုံတွေအပြင် Pixel 4 နဲ့ 4 XL အတွက် Screen Protector တွေကိုလည်း မြင်တွေ့ရပြီး ရှေ့ဘက်အပေါ် Chin နေရာမှာ ကင်မရာသုံးလုံးစာအတွက် ဖြတ်ထားတာကို တွေ့ရတယ်။ နှစ်ခုက ပုံမှန်ဆယ်ဖီကင်မရာအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ နည်းပညာမြင့် Facial Recognition ဆင်ဆာစနစ် အတွက်ဖြစ်ပါတယ်။ အပေါ်ညာဘက်ထောင့်မှာတော့ ဘာအတွက်မှန်းမသိရသေးတဲ့ နေရာလွတ်ကြီးတစ်ခုကို တွေ့ရမှာပါ။
သတင်းထွက်နေတာတော့ Google ဟာ ဒီတစ်ခါ ဟန်းဆက်ပေါ်မှာ Project Soli လို့ခေါ်တဲ့ ရေဒါ စတိုင် နည်းပညာအသစ်ကို ထည့်သွင်းလာဖို့ရှိပါတယ်။ သူဟာ ရေဒါစနစ်ရဲ့ အလုပ်လုပ်ပုံအတိုင်း လှုပ်ရှားမှုနဲ့ လက်အပြုအမူတွေကို တိကျစွာခြေရာခံနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၁၅ ခုနှစ်က Google I/O ပွဲမှာ ပထမဆုံး မိတ်ဆက်ခဲ့တာဖြစ်ပြီး အတိအကျအသုံးဝင်ပုံကိုတော့ တကယ်တမ်းထွက်လာမှသိနိုင်မှာပါ။
Ref – GSM Arena