Google ကနေ Pixel 4a စမတ်ဖုန်းကို မကြာခင်မှာမိတ်ဆက်သွားတော့မှာဖြစ်ပြီး အခုဆိုရင်လည်း Hands-on ဓါတ်ပုံတွေအပြင် Review Video တွေပါ ပေါက်ကြားနေပြီဖြစ်ပါတယ်။ အဆိုပါ Pixel 4a ဖုန်းက စျေးနှုန်းအနေနဲ့ $399 ကနေ စတင်မှာဖြစ်တဲ့အတွက် တော်တော်လေးကို တန်တယ်လို့တောင်ပြောရမှာပါ။

ဒီ Pixel 4a စမတ်ဖုန်းနဲ့အတူ Google ကနေ Pixel ဖုန်းတွေအတွက် Google Camera Version 7.4 အသစ်ကိုပါ ထုတ်ပေးလာမှာဖြစ်ပြီး အဆိုပါ Update မှာ အသုံးဝင်တဲ့ Feature တွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ Feature Update တွေထဲမှာ သိထားရသလောက် 4K 60fps Video Recording ပါ ပါဝင်လာနိုင်ခြေများနေပါတယ်။

ဒါပေမယ့် ဒီ 4K 60fps Video Recording အပြင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက Pixel 4a ရဲ့ Google Caemra App မှာ “SABRE_UNZOOMED_TELEPHOTO” ဆိုတဲ့ Code တစ်ကြောင်းပါဝင်နေတာပဲဖြစ်ပါတယ်။ Google ရဲ့ Internal Codename တွေအရ ပုံမှန် Wide Lens ကိုပဲ Software နဲ့ Zoom ပြုလုပ်တာကို “Super Res Zoom” လို့ ခေါ်ဆိုပြီးတော့ Pixel 4 ရဲ့ Hardware-based Telephoto Lens ပါဝင်မှ Code မှာ “Telephoto” လို့ ရေးသားတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ “SABRE_UNZOOMED_TELEPHOTO” Code ဟာ Pixel 4 ၊ Pixel 4a နဲ့ Pixel 5 ဖုန်းတွေအတွက်ပဲလို့ တွေ့ရှိရတဲ့အတွက် Pixel 5 မှာလည်း Telephoto Lens ပါလာဦးမယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Single Camera နဲ့ Pixel 4a ဖုန်းမှာ ဘယ်လိုမျိုး Telephoto Lens ပါဝင်လာမလဲဆိုတာက ထူးဆန်းနေပါတယ်။

နောက်ဆုံးအနေနဲ့ဖြစ်နိုင်ခြေရှိတာကတော့ Pixel 4a ရဲ့ Single Camera ဟာ Telephoto Lens သို့မဟုတ် Telephoto Lens တစ်လုံးလိုမျိုး Zoom ဓါတ်ပုံတွေကို ကောင်းကောင်းရိုက်လို့ရတဲ့ Camera Sensor ကို အသုံးပြုလာဖို့များနေပါတယ်။

Ref – 9to5Google