Google ကနေ Pixel 6 Series ဖုန်းတွေကို မိတ်ဆက်လိုက်တာ အခုဆိုရင် လပိုင်းခန့် ကြာနေပြီဖြစ်ပြီး အသုံးပြုသူတွေလက်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ Pixel 6 Series ဖုန်းတွေဟာ ကိုယ်ပိုင် Google Tensor Chip ကို အသုံးပြုထားတာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းအရ အကောင်းဘက်က ချီးကျူးမှုတွေခံရသလို ဝေဖန်မှုတွေလည်း ခံနေရတာဖြစ်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Pixel 6 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Under Display Fingerprint Sensor က ပုံမှန်ထက်နှေးကွေးနေတယ်ဆိုပြီး ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ Google အနေနဲ့လည်း အစောပိုင်းတုန်းက အဆိုပါ ပြဿနာဟာ Pixel 6 ကြောင့်မဟုတ်ဘဲ လုံခြုံရေးကြောင့်ဖြစ်တယ်ဆိုပြီး ပြောကြားခဲ့ပေမယ့် နောက်ဆုံးမှာတော့ Software Update နဲ့ ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။

အခုလည်း အလားတူပြဿနာတစ်ခုက Pixel 6 Series ဖုန်းတွေမှာ တွေ့ကြုံနေရပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါကတော့ တချို့သော အရည်အသွေးမကောင်းတဲ့ Charging Cable တွေကို အသုံးပြုပြီး Pixel 6 ဖုန်းတွေကို အားသွင်းမယ်ဆိုရင် အားသွင်းနိုင်ခြင်းမရှိအောင် ပိတ်ပင်ထားတဲ့ ပြဿနာပဲဖြစ်ပါတယ်။ အထူးသဖြင့် တခြားသော စမတ်ဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ Charging Cable တွေနဲ့တောင် Pixel 6 Series ဖုန်းတွေကို အားသွင်းနိုင်ခြင်းမရှိဖြစ်နေတာမျိုးကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဒါက ဖြစ်နိုင်ခြေများနေတာကတော့ Google Pixel 6 Series ဖုန်းတွေဟာ အရည်အသွေးကောင်းပြီး USB-PD Charging ကို Support ပြုလုပ်တဲ့ Charging Cable နဲ့ Adapter ကိုပဲ လက်ခံတာဖြစ်နိုင်ပါတယ်။ Google ကိုယ်တိုင်ကလည်း တချို့သော Charging Cable တွေဟာ Pixel 6 Series ဖုန်းတွေနဲ့ အသုံးပြုနိုင်မှာမဟုတ်ဘူးဆိုပြီး ပြောကြားထားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Google Pixel 6 Series ဖုန်းတွေဟာ ဘူးခွံထဲမှာ Charging Adapter ပါဝင်ခြင်းမရှိတာကြောင့် အသစ်ဝယ်ယူမယ်ဆိုရင် အရည်အသွေးကောင်းတာကိုပဲ ဝယ်ယူဖို့လိုအပ်မှာဖြစ်ပါတယ်။

Ref – 9to5Google