ဒီနှစ်ထဲမှာ စွမ်းရည်မြင့် Poco F2 Pro နဲ့ စွမ်းရည်သင့် Poco M2 Pro တို့ကို တွေ့မြင်ခဲ့ကြရပြီးပါပြီ။ ဒါ့အပြင် Poco ရဲ့ စွမ်းရည်နိမ့် စမတ်ဖုန်းလည်း ထွက်လာနိုင်ခြေရှိပါတယ်။ အခုတော့ Poco C3 နာမည်နဲ့ စမတ်ဖုန်း ၁ လုံးကို Bluetooth Launch Studio မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး Redmi 9AT ဖုန်း အသစ် အပါအဝင် Redmi ဖုန်းများစွာလည်း တွေ့လာရပါတယ်။

Poco C3 ရဲ့ မော်ဒယ်နံပါတ်ဟာ M2006C3MI ဖြစ်ပြီး ဇွန်လကတည်းက စတင် ဖန်တီးနေတာ ဖြစ်နိုင်ပါတယ်။ အဲဒီ မော်ဒယ်နံပါတ်ဟာ Redmi 9 စမတ်ဖုန်းတွေနဲ့ အရမ်းကို ဆင်တူတဲ့အတွက် Poco C3 ဟာ Redmi စမတ်ဖုန်း ၁ လုံးကို နာမည်ပြောင်း ရောင်းချမှာ ဖြစ်နိုင်ပါတယ်။

Poco 3 ဟာ Redmi 9 or Redmi 9A or Redmi 9C ထဲက ဘယ်အလုံး ဖြစ်မယ်ဆိုတာ လက်ရှိမှာ မသိရသေးပါဘူး။ Poco C3 မှာ ၆.၅၃ လက်မ LCD မျက်နှာပြင်၊ အရွယ်သေး Notch ၊ MediaTek Chipset နဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားတယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မကြာခင်မှာ ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena