Xiaomi က တန်ဖိုးနည်း Poco C61 ကို ကြေညာလိုက်ပြီး မကြာခင်က ကြေညာခဲ့တဲ့ Redmi A3 နဲ့ Specs များစွာ တူညီပါတယ်။ Poco C61 မှာ 90Hz မျက်နှာပြင်၊ Helio G36 Chipset နဲ့ 5,000mAh Battery ပါလာပါတယ်။

POCO C61 Design, Specifications & Pricing Leaked - Gizchina.com

Poco C61 မှာ 6.71” LCD HD+ မျက်နှာပြင်တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ကင်မရာ ထည့်ထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

အနောက်ဘက်မှာ 8MP Main , Auxiliary Lens နဲ့ LED Flash တပ်ဆင်ထားပါတယ်။ MediaTek Helio G36 SoC မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage ပါလာကာ microSD Card စိုက်နိုင်ပါတယ်။

Poco C61 key specs

Android 14 OS မောင်းနှင်ထားပြီး 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Poco C61 အတွက် Diamond Dust Black , Ethereal Blue နဲ့ Mystical Green အရောင်တွေ ထုတ်လုပ်ထားပြီး 4/64GB ကို ၉၀ ဒေါ်လာနဲ့ 6/128GB ကို ၁၀၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ မတ်လ ၂၈ ရက်က စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena