Poco C55 ရဲ့ မျိုးဆက်သစ် Poco C65 ကို ကြေညာလိုက်ပြီး Refresh Rate ၊ ကင်မရာနဲ့ အားသွင်းနှုန်းတွေ ပိုကောင်းလာပါတယ်။

Poco C65 is here with Helio G85, 6.74" 90Hz display - GSMArena.com news

Poco C65 မှာ 6.74” 1600x720p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Blue Light ကို လျှော့ချပေးတဲ့ TUV-Certified ဖြစ်ပြီး DC Dimming ထောက်ပံ့ထားပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာ ပါလာပြီး Low Light မှာ သဘာဝကျတဲ့ အလင်းရောင်ထုတ်လုပ်ပေးတဲ့ Light Ring ပါပါတယ်။ အနောက်ဘက်မှာ 50MP f/1.8 Main နဲ့ 2MP Macro ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

ဘေးဘက်မှာ လက်ဗွေရာ  ကိရိယာ ထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာနဲ့ Face Unlock လုပ်နိုင်ပါတယ်။

The Poco C65 is here with Helio G85, 6.74'' 90Hz display, 5,000mAh battery

Poco C65 မှာ 18W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပြီး ဘူးထဲမှာ 10W Charger ပဲ ပါပါတယ်။ Poco C55 ထက် ပိုကောင်းလာတာက USB-C Port ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Poco C65 မှာ နားကြပ်ပေါက်လည်း တပ်ဆင်ထားပါတယ်။

Poco C65 မှာ 12nm MediaTek Helio G85 မောင်းနှင်ထားပြီး 6GB နဲ့ 8GB RAM Version တွေ ထုတ်လုပ်ထားပါတယ်။ 6/128GB နဲ့ 8/256GB Version တွေ ထုတ်လုပ်ထားပြီး အနက်၊ အပြာနဲ့ ခရမ်းရောင်တွေ ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို နောက်ပိုင်းမှာ ကြေညာမှာပါ။

Ref : gsmarena