POCO ဟာ အခုအချိန်မှာ Xiaomi ကနေလုံးဝကို ခွဲထွက်ထားတဲ့ Independent Brand တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာလည်း POCO F2 Pro ၊ POCO C3 ၊ POCO M3 လိုမျိုး စမတ်ဖုန်းတွေကို အများအပြားမိတ်ဆက်ထားခဲ့ပါသေးတယ်။

အခုလည်း POCO Fan တွေအတွက် Pocophone ဆိုပြီး ဖြစ်လာစေခဲ့တဲ့ Pocophone F1 ရဲ့ မျိုးဆက်သစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒါကိုတော့ POCO India Twitter Account ကနေ Teaser Post တင်ထားခဲ့တာဖြစ်ပြီး မကြာခင်မှာ တရားဝင်မိတ်ဆက်သွားမယ့်ပုံစံပါပဲ။

POCO ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ စမတ်ဖုန်း ၁ သန်းကျော်ရောင်းချခဲ့ရပြီး India စျေးကွက်ရဲ့ Online စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ နံပါတ် (၄) နေရာသတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာလည်း စမတ်ဖုန်းတွေအပြင် တခြားသော Product တွေဖြစ်တဲ့ TWS Earbuds နဲ့ Laptop တွေကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Pocophone F1 ဟာ စျေးသက်သာပြီး Flagship Processor ကို အသုံးပြုထားတဲ့စမတ်ဖုန်းတစ်လုံးဖြစ်နေပေမယ့် POCO F2 ကတော့ Mid Range ဖုန်းတစ်လုံးပဲဖြစ်လာမှာပါ။ ဒါကလည်း POCO F2 Pro ဆိုပြီး Flagship ဖုန်းကို မိတ်ဆက်ထားပြီးတာကြောင့်ဖြစ်နိုင်ပါတယ်။

လက်ရှိပေါက်ကြားထားတဲ့ Specification တွေအရတော့ POCO F2 စမတ်ဖုန်းဟာ 120Hz Refresh Rate ကို Support ပေးနိုင်တဲ့ AMOLED Display ကို သုံးစွဲထားမှာဖြစ်ပြီး 4250mAh Battery လည်းပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ Quad Camera Setup ကို အသုံးပြုထားမယ့်အပြင် POCO X3 မှာ ပါဝင်ခဲ့တဲ့ Qualcomm Snapdragon 732G Chipset ကိုပဲ ဆက်လက်အသုံးပြုလာမယ်လို့ သိရပါတယ်။

Ref – Gizmo China