POCO F2 Pro စမတ်ဖုန်းဟာ အခုတလော သတင်းတွေဆက်တိုက်ထွက်နေတာကြောင့် သိပ်မကြာခင် ထွက်ရှိလာတော့မယ်လို့ ထင်ကြေးပေးခံနေရပြီး ယနေ့မှာတော့ သူ့ရဲ့ထွက်ရှိရက်နဲ့ပတ်သက်ပြီး သတင်းထွက်လာခဲ့ပါပြီ။

နာမည်ကျော် Leakster တစ်ယောက်ဖြစ်တဲ့ Sudhanshu ရဲ့ တွစ်တာအကောင့်မှာ POCO F2 Pro ရဲ့ ထွက်ရှိရက်ကို အတိအကျတင်ထားပြီး မေလ ၁၂ ရက်နေ့မှာ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ မိတ်ဆက်မယ်လို့ ဆိုထားပါတယ်။ မိတ်ဆက်ပွဲကို စပိန်စံတော်ချိန်နဲ့ နေ့လည်နှစ်နာရီမှာ စတင်မယ်လို့လည်း သူကဖော်ပြထားပါတယ်။

POCO F2 Pro ဟာ ပြန်လည်အမည်ပြောင်းလဲထားတဲ့ Redmi K30 Pro ဖြစ်တယ်လို့ သတင်းထွက်ထားပြီး မှန်ခဲ့ရင်တော့ Snapdragon 865 ချစ်ပ်ဆက်နဲ့ 6.67” AMOLED Display တို့ကို မြင်တွေ့ရဦးမှာပါ။ အခြား Specs တွေကတော့ 64MP ဦးဆောင်တဲ့ Quad-camera, 20MP Pop-up ဆဲလ်ဖီးကင်မရာနဲ့ In-display Fingerprint Scanner တို့ဖြစ်ပါတယ်။

ဘက္ထရီက 4,700 mAh ဖြစ်ပြီး 33W အားသွင်းစနစ်ပါဝင်မှာပါ။ ရက်အနည်းငယ်က Leak သတင်းထဲမှာတော့ POCO F2 Pro ဖုန်းကို အခြေခံမော်ဒယ် 6/128GB အတွက် ယူရို ၆၄၉ (မြန်မာငွေ ကိုးသိန်းခုနစ်သောင်းကျော်) သတ်မှတ်ထားပြီး 8/129GB မော်ဒယ်ကတော့ ယူရို ၇၄၉ (မြန်မာငွေ ၁၁ သိန်းကျော်) ကျသင့်မယ်လို့ ဆိုထားပါတယ်။ POCO အမှတ်တံဆိပ်အတွက် သိပ်ရင်းနှီးတဲ့ ဈေးနှုန်းမဟုတ်ပေမယ့် မှန်မမှန်ကိုတော့ နောက်တစ်ပတ်မှာ မိတ်ဆက်လာရင် မြင်တွေ့ရဖို့ရှိပါတယ်။

Ref – Gizmo China