Redmi K30 Pro ကို အိန္ဒိယမှာ Poco Brand ဖုန်း ၁ လုံးအနေနဲ့ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ လက ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာ Poco India ရဲ့ အထွေထွေမန်နေဂျာ Chandolu Manmohan က Redmi K30 Pro ကို Poco F2 or X2 Pro အနေနဲ့ ရောင်းမှာ မဟုတ်ဘူးဆိုပြီး ပြောခဲ့ပါတယ်။

အခုတော့ Google Play Listing မှာ Redmi K30 Pro ကို Poco F2 Pro နာမည်နဲ့ ရောင်းမယ်ဆိုတဲ့ အထောက်အထားတွေ တွေ့လာရပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Redmi K30 Pro မှာလို တူညီတဲ့ “Imi” code-name ပါလာပါတယ်။ ဒါပေမယ့် Poco F2 Pro ကို ဘယ်နိုင်ငံတွေမှာ ရောင်းမလဲဆိုတာ မသိရသေးပါဘူး။

ဒါ့အပြင် အိန္ဒိယဈေးကွက်အတွက် “Imiinpro” Code Name ပါတဲ့ Redmi K30 Pro Zoom ကိုလည်း တွေ့လာရပါတယ်။ အဲဒီအတွက် Redmi K30 ဖုန်း ၂ လုံးကို တခြား နိုင်ငံတွေမှာလို တူညီတဲ့ Brand အနေနဲ့ အိန္ဒိယမှာ ရောင်းချမယ်လို့ ထင်ရပါတယ်။ Poco Brand အနေနဲ့ ရောင်းမှာ မဟုတ်နိုင်ပါဘူး။

Xiaomi နဲ့ အခုဆိုရင် သီးခြား ရပ်တည်နေတဲ့ Poco Brand တို့ ဘယ်လို စီစဉ်ထားလဲဆိုတာ မသိရသေးပါဘူး။ Poco ရဲ့ Chandolu Manmohan က နောက်ထုတ်မယ့် Device ဟာ မူလ Pocophone F1 ထက် ဈေးနှုန်းကြီးမယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး။ ဒါ့အပြင် Poco ဟာ အိန္ဒိယ ဈေးကွက်အတွက် TWS Earbuds တွေကို တိုးချဲ့ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

Ref : gsmarena