Xiaomi ကနေ ပြီးခဲ့တဲ့ ဇွန်လပိုင်းတုန်းက သီးသန့်ခွဲထွက်ထားပြီဖြစ်တဲ့ Poco စမတ်ဖုန်းတွေအတွက်လည်း Android 11 Update ကို ထုတ်ပေးသွားမယ်ဆိုပြီး အတည်ပြုပေးခဲ့ပါတယ်။ ဒီကြားထဲမှာ Xiaomi နဲ့ Redmi စမတ်ဖုန်းတွေအနေနဲ့ Stable Android 11 Update တွေရရှိနေပေမယ့်လည်း Poco ဖုန်းတွေကတော့ ရရှိခဲ့ခြင်းမရှိပါဘူး။

အခုအချိန်မှာတော့ Xiaomi ကနေ Poco F2 Pro စမတ်ဖုန်းအတွက် Android 11 Stable Global Update ကို စတင်ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ လောလောဆယ်မှာ အဆိုပါ Android 11 Stable Update ဟာ Asia Region အတွက်ပဲရရှိနေသေးတာဖြစ်ပြီး လာမယ့်ရက်ပိုင်းမှာ တခြားသော Region တွေအတွက်ပါ ထုတ်ပေးသွားမယ်လို့ ယူဆရပါတယ်။

Poco F2 Pro စမတ်ဖုန်းဟာ Poco အတွက်တော့ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားတဲ့ Flagship စမတ်ဖုန်းဖြစ်ပြီး Redmi K30 Pro စမတ်ဖုန်းနဲ့လည်း နာမည်ကလွဲပြီး အကုန်လုံးနီးပါးဆင်တူနေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Poco F2 Pro ဖုန်းအတွက် Android 11 Firmware Version Number ကတော့ MIUI V12.2.1.0.RJKMIXM နဲ့ ထွက်ရှိလာတာဖြစ်ပြီး File Size အနေနဲ့ 2.8GB ဝန်းကျင် Download ပြုလုပ်ရမှာပါ။

အဆိုပါ Android 11 Update ဟာ MIUI 12 ကိုပဲ အခြေခံထားတဲ့အတွက် Feature ပိုင်း သိသိသာသာပြောင်းလဲသွားမှာမဟုတ်ပေမယ့် Chat Bubble ၊ Power Menu အသစ်၊ Internal Audio Recording ၊ Smart Reply နဲ့ Media Controls လိုမျိုး Android 11 ရဲ့ Feature တွေပါဝင်လာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Poco F2 Pro အနေနဲ့ Android 11 Stable Update ကို ရရှိနေပြီဖြစ်တဲ့အတွက် မကြာခင်မှာတခြားသော Poco စမတ်ဖုန်းတွေလည်း Android 11 Update ကို ရရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena