Redmi K30 Pro ကို အခြေပြု တည်ဆောက်ထားတဲ့ Poco F2 Pro ကို ကြေညာလိုက်ပါတယ်။ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားပြီး LiquidCool 2.0 နည်းပညာကြောင့် ဂိမ်း ကစားရင် အပူချိန် မလွန်ကဲအောင် ကာကွယ်ပေးနိုင်ပါတယ်။ Android 10 အခြေပြု Poco Launcher 2.0 Dark Mode နဲ့ AMOLED မျက်နှာပြင်တွေ ထည့်ထားပါတယ်။

လျှင်မြန်တဲ့ UFS 3.1 Storage ပါလာပေမယ့် microSD Card Slot ကို ဖယ်ရှားထားပါတယ်။ အနောက်ဘက်မှာ 64MP Main ကင်မရာ ထည့်ထားပြီး Pixel Binning အထောက်အကူနဲ့ 16MP ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်ပါတယ်။ 5MP Telephoto , 13MP Ultrawide , 2MP Depth ကင်မရာတွေနဲ့ အားဖြည့်ထားပြီး Chipset က 8K 30fps ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ 4K ဗီဒီယိုတွေကိုတော့ 60fps နဲ့ ဖမ်းယူပေးပါတယ်။

20MP ဆဲလ်ဖီး ကင်မရာကို Pop Up ဒီဇိုင်း ထည့်သွင်းထားပါတယ်။ ၆.၆၇ လက်မ Super AMOLED မျက်နှာပြင် ပါလာပြီး 1080p+ အရည်အသွေး ရှိပါတယ်။ AMOLED သုံးထားတဲ့အတွက် မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ 60Hz Refresh Rate ပဲပါပေမယ့် Touch Sampling Rate က 180Hz အထိ ထောက်ပံ့ထားပါတယ်။ 3.5mm Headphone Jack နဲ့ Bluetooth 5.1 တွေ ပါပါတယ်။ 4,700mAh ဘက်ထရီနဲ့ 30W Charging ထည့်ထားပါတယ်။

6/128GB ကို ၅၀၀ ယူရိုနဲ့ 8/256GB ကို ၆၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၆ သောင်းနဲ့ ၉ သိန်း ၂ သောင်းလောက် အသီးသီး ရှိပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၁၉ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : gsmarena