ပေါ်တူဂီ နည်းပညာ ဝက်ဘ်ဆိုက် ၁ ခုက POCO F2 Pro ရဲ့ ဈေးနဲ့ Specs တွေကို ပြီးခဲ့တဲ့ ၁ ပတ်က မျှဝေခဲ့ပါတယ်။ Pro မော်ဒယ် အပါအဝင် မော်ဒယ် ၂ ခု ထွက်လာနိုင်ပြီး စွမ်းရည်မြင့် မော်ဒယ်ဟာ POCO F2 Pro ဖြစ်မှာပါ။ နောက် ၁ လုံးက ရိုးရိုး POCO F2 ဖြစ်မှာပါ။ အခုတော့ ကုမ္ပဏီက POCO F2 Series ရဲ့ Teaser တွေကို မျှဝေလိုက်တဲ့အတွက် မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။

POCO ရဲ့ Global Twitter အကောင့်ကို ၂၀၁၉ ခုနှစ် မတ်လကတည်းက ဖန်တီးထားပြီး ဒီလကစလို့ #WakeUpPOCO Hashtag နဲ့ ပို့စ်တွေ တင်လာခဲ့ပါတယ်။ POCO ဟာ မကြာခင်မှာ  ဖုန်း အသစ်တွေကို နိုင်ငံတကာအတွက် ကြေညာနိုင်ပါတယ်။ POCO F2 ကို မေလမှာ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်လာပြီး POCO F2 Series တွေကို နိုင်ငံတကာအတွက် ကြေညာဖို့ သိပ်မလိုတော့ပါဘူး။

ပေါ်တူဂီ ဝက်ဘ်ဆိုက်က POCO F2 Pro ဟာ Redmi K30 Pro ကို အဆင့်မြှင့် ရောင်းချတာလို့ ဖော်ပြထားပါတယ်။ POCO F2 အတွက် 6GB RAM / 128GB Storage နဲ့ 8GB RAM / 256GB Storage တွေ ပါလာနိုင်ပြီး ၆၄၉ ယူရိုနဲ့ ၇၄၉ ယူရို အသီးသီး သတ်မှတ်ထားနိုင်ပါတယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၁၁ သိန်း ၅ သောင်းလောက် ကျသင့်နိုင်ပါတယ်။

POCO F2 Pro မှာ ၆.၆၇ လက်မ Notch-less IPS LCD မျက်နှာပြင် ပါလာနိုင်ပြီး 20MP Pop-up ဆဲလ်ဖီး ကင်မရာ ထည့်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ Sony IMX686 64MP , 13MP Ultrawide , 5MP Telephoto နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာနိုင်ပြီး Snapdragon 865 မောင်းနှင်ထားနိုင်ပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 4,700mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : gizmochina