Xiaomi ရဲ့ Global နဲ့ India စျေးကွက်ကို ဦးတည်ပြီး ထုတ်လုပ်နေတဲ့ Poco ကုမ္ပဏီဟာ မကြာခင်မှာ Poco F5 ဖုန်းကို အသစ်မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Poco ကနေ Poco F5 အပြင် Poco F5 Pro ဖုန်းကိုပါ တွဲဖက်မိတ်ဆက်မှာဖြစ်ပြီး မကြာသေးခင်တုန်းက အဆိုပါ Poco F5 Pro ဖုန်းရဲ့ Geekbench ရလဒ်တွေပေါက်ကြားလာခဲ့ပါတယ်။

အခုလည်း ပုံမှန် Poco F5 ဖုန်းနဲ့ သက်ဆိုင်တဲ့သတင်းအချက်အလက်အချို့ ထပ်မံပေါက်ကြားခဲ့ပြီး Model Number 23049PCD8G လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ Poco F5 ဖုန်းဟာ အဓိကအနေနဲ့ Qualcomm Snapdragon 7+ Gen 2 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 12GB အထိ အမြင့်ဆုံးပါဝင်မှာဖြစ်ပါတယ်။

ဒါကြောင့် Poco F5 ဖုန်းဟာ ယခင် Snapdragon 7 Gen 1 Chipset နဲ့ နှိုင်းယှဥ်ရင် Overall ၅၀ ရာခိုင်နှုန်းအထိ စွမ်းဆောင်ရည်ပိုကောင်းမှာဖြစ်သလို Power Efficiency ပိုင်းမှာ ၁၃ ရာခိုင်နှုန်း၊ AI ပိုင်းစွမ်းဆောင်ရည်မှာ ၂ ဆအထိ ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုက Poco F5 ရဲ့ လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရ 6.67″ AMOLED Display ၊ 64MP Main Camera အပြင် 67W Fast Charging ပါဝင်တဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး Xiaomi Redmi Note 12 Turbo ရဲ့ Specs တွေနဲ့ ဆင်တူနေတာကိုတွေ့ရပါတယ်။ အခုလို Snapdragon 7+ Gen 2 Chipset ကို အသုံးပြုတာက ပါဝါစားသုံးမှုပိုင်းမှာ ပိုကောင်းမွန်ပေမယ့် ယခင် Poco F4 မှာ အသုံးပြုထားတဲ့ Snapdragon 870 Chipset နဲ့ နှိုင်းယှဥ်ရင် အနည်းငယ်စွမ်းဆောင်ရည်ပိုင်း လျော့နည်းနိုင်ဖွယ်ရှိပါတယ်။

Ref – GSM Arena