Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Poco ကနေ လာမယ့်မေလ ၉ ရက်နေ့မှာ Poco F5 စမတ်ဖုန်းကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဆိုပါ Poco F5 ဖုန်းဟာ Specification ပိုင်းအရ Xiaomi Note 12 Turbo နဲ့ ဆင်တူပေမယ့် ဒီဇိုင်းပိုင်းမှာ အနည်းငယ်ပြောင်းလဲထားမယ်လို့ သိရပါတယ်။
အခုလည်း Poco India ရဲ့ Head အဖြစ်တာဝန်ယူထားတဲ့ Himanshu Tandon ကနေ Poco F5 ဖုန်းရဲ့ ဓါတ်ပုံတွေကို Twitter Account မှာ ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံတွေမှာ Poco F5 ကို Carbon Black နဲ့ Snowstorm White ဆိုပြီး အရောင် ၂ မျိုးပါဝင်တာကိုတွေ့ရပါတယ်။
ဒီဇိုင်းပိုင်းမှာ Carbon Black အရောင်ဟာ အမည်းရောင်ကိုမှ နောက်ကျောဘက်ကို Carbon Fiber ပုံစံ Pattern ဒီဇိုင်းပြုလုပ်ထားပြီး Snowstorm White ကတော့ အဖြူရောင်ကိုမှ နှင်းကျထားသလိုမျိုး ဒီဇိုင်းပြုလုပ်ထားမှာဖြစ်ပါတယ်။ အခုအရောင် ၂ မျိုးအပြင် တခြားအရောင်တွေ ပါဝင်ဦးမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
Poco F5 စမတ်ဖုန်းဟာ 6.67″ AMOLED Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 7+ Gen2 Chipset ကို အသုံးပြုထားပြီး အမြင့်ဆုံး RAM 12GB + 256GB Storage ပါဝင်မယ်လို့ သိရပါတယ်။ Battery ပိုင်းမှာလည်း 67W Fast Charging ပါဝင်တဲ့ 5160mAh Battery ကို ထည့်သွင်းထားပါတယ်။
Camera အနေနဲ့ Poco F5 ဖုန်းဟာ 64MP Primary + 8MP Ultrawide + 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပြီး Selfie Camera အတွက် 16MP Sensor ကို Punch-hole ဒီဇိုင်းအနေနဲ့ ထည့်သွင်းပေးထားပါတယ်။
Poco F5 ဖုန်းဟာ India နိုင်ငံမှာ Rs 30,000 အောက်နဲ့ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေ ၈ သိန်းဝန်းကျင်ခန့် ကျသင့်နိုင်ပါတယ်။
Ref – Gizmo China