Xiaomi က Poco F6 Pro ကို ဖန်တီးနေပြီး အခုထက်ထိတော့မကြေညာသေးပါဘူး။

Poco F6 Pro is similar to Redmi K70, Xiaomi accidentally reveals

အဲဒီဖုန်းရဲ့ လျှို့ဝှက်အမည်ဟာ Vermeer ဖြစ်တယ်ဆိုတဲ့ဖိုင် ၁ ခု ထွက်ပေါ်လာပါတယ်။ အဲဒီ မော်ဒယ်နံပါတ်ဟာ Redmi K70 နဲ့ တူညီနေပါတယ်။ Xiaomi က အဲဒီဖုန်း ၂ လုံးဟာ တူညီတယ်လို့ ဝန်ခံမထားပေမယ့် အဲဒီသဘော သက်ရောက်နေပါတယ်။

Xiaomi accidentally reveals POCO F6 Pro could be Redmi K70 rebranded for  global market

အဲဒီအတွက် Poco F6 Pro ဟာ Redmi K70 လိုပဲ Snapdragon 8 Gen 2 Chipset နဲ့ 5,000mAh Battery ပါလာမှာ ဖြစ်ပါတယ်။

အရင်သတင်းတွေအရ Poco F6 Pro မှာ 67W Fast Charging ပါလာမယ်လို့ သိရပါတယ်။ Redmi K70 မှာတော့ 90W Fast Charging ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Poco F6 Pro မှာ 6.67” OLED Display တပ်ဆင်ထားမှာ ဖြစ်ပြီး QHD+ Resolution ထောက်ပံ့ထားမယ်လို့သတင်းထွက်နေပါတယ်။ 50MP Main ကင်မရာ ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena