Xiaomi ရဲ့ Global စျေးကွက်ကို ရည်ရွယ်တဲ့ POCO ကနေ M2 Pro နာမည်နဲ့ Mid Range စမတ်ဖုန်းအသစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ POCO M2 Pro ဟာ Xiaomi ကနေ မိတ်ဆက်ပြီးဖြစ်တဲ့ Redmi Note 9 Pro နဲ့ Design ပိုင်းအပြင် Specs တော်တော်များများဆင်တူနေမှာဖြစ်ပါတယ်။

POCO M2 Pro ဖုန်းဟာ 6.67″ Full HD+ LCD Display ကိုအသုံးပြုထားပြီး Selfie Camera အနေနဲ့ကတော့ 16MP Sensor ကို Punch-hole အနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ Back Camera အနေနဲ့ကတော့ 48MP Primary ၊ 8MP Ultrawide ၊ 5MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကိုထည့်သွင်းပေးထားပါတယ်။

Fingerprint Sensor အနေနဲ့ကတော့ ဖုန်းရဲ့ ဘေးဘက် Power Button မှာပဲထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Performance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 720G Chipset ကိုမှ RAM 4GB + 64GB ၊ RAM 6GB + 64GB နဲ့ RAM 6GB + 128GB ဆိုပြီး ၃ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ထပ်ပြီးတိုးချဲ့ဖို့အတွက်ကလည်း SIM 2 Slot မှာ MicroSD Card ကိုထည့်သွင်းနိုင်ဦးမှာပါ။

Battery ပိုင်းမှာတော့ 5000mAh Battery ပါဝင်မှာဖြစ်တဲ့အတွက် 33W Fast Charger ကိုပါထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ POCO ရဲ့ ပြောကြားချက်အရတော့ မိနစ် ၃၀ ခန့်အားသွင်းရုံနဲ့ 0-50% အထိ အားသွင်းပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

POCO M2 Pro စမတ်ဖုန်းဟာ အရောင်အနေနဲ့ကတော့ Green ၊ Black နဲ့ Blue ဆိုပြီးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ စျေးနှုန်းတွေအနေနဲ့ကတော့ RAM 4GB + 64GB ကို Rs.13,999 (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ၊ RAM 6GB + 64GB ကို Rs. 14,999 (မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင်) နဲ့ RAM 6GB + 128GB ကိုတော့ Rs. 16,999 (မြန်မာငွေ ၃ သိန်း ၁ သောင်းဝန်းကျင်) နဲ့လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့မှာ India မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – The Verge