အိန္ဒိယမှာ ပြီးခဲ့တဲ့ ၁ ပတ်ကကြေညာခဲ့တဲ့ Poco M2 Pro ကို Flipkart ကနေ ရောင်းပေးလိုက်ပါပြီ။ Green and Greener, Out of the Blue နဲ့ Two Shades of Black ၃ ရောင်ထုတ်လုပ်ထားပြီး 4/64GB ကို ၁၃,၉၉၉ ရူပီး ၊ 6/64GB ကို ၁၄,၉၉၉ ရူပီးနဲ့ 6/128GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၅ သောင်း၊ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Poco M2 Pro မှာ ၆.၆၇ လက်မ FullHD+ မျက်နှာပြင်နဲ့ Snapdragon 720G SoC ထည့်ထားပါတယ်။ Android 10 အခြေပြု MIUI 11 မောင်းနှင်ထားပါတယ်။ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

Poco M2 Pro မှာ ဘေးဘက် လက်ဗွေရာ ကိရိယာ ထည့်ထားပြီး P2i Splash-proof Coating ခံထားတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။ 3.5mm Headphone Jack နဲ့ USB-C Port တပ်ဆင်ထားပြီး 33W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပါတယ်။

Ref : gsmarena