POCO M2 Pro စမတ်ဖုန်းကိုတော့ လာမယ့်ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင် မိတ်ဆက်လာတော့မှာပါ။ ယမန်နေ့က ထွက်ခဲ့တဲ့ ပထမဆုံး တရားဝင် Teaser ထဲမှာ စမတ်ဖုန်းရဲ့ ဒီဇိုင်းကို ခဏတာ မြင်ခွင့်ရခဲ့ပြီး Redmi Note 9 Pro ရဲ့ Global ဗားရှင်းနဲ့ အတော်လေးဆင်တူနေတာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ POCO က M2 Pro မှာ 33W အားသွင်းစနစ် ပါဝင်လာမယ်ဆိုတာကို ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ Redmi Note 9 Pro တုန်းက 30W ထိပဲ ပါဝင်ခဲ့တာပါ။

အစောပိုင်းက POCO M2 Pro ဖုန်းကို Geekbench မှာတွေ့ခဲ့ရပြီး Snapdragon 720G ချစ်ပ်ဆက်နဲ့ 6GB RAM မန်မိုရီတို့ ပါဝင်လာပါတယ်။ တကယ်လို့သာ သတင်းထွက်နေသလို Redmi Note 9 Pro ကို အခြေခံလာတာဆိုရင် 6.67” LCD Display, 64MP ဦးဆောင်တဲ့ Quad-camera နဲ့ 5,020 mAh ဘက္ထရီတို့ပါ မြင်ရမှာဖြစ်ပါတယ်။

Ref – GSMArena