Poco က ဒီလ ၇ ရက်နေ့မှာ နိုင်ငံတကာအတွက် X3 NFC ကို ကြေညာတော့မှာ ဖြစ်သလို အိန္ဒိယအတွက်လည်း အစီအစဉ် ၁ ခု ရှိနေပါသေးတယ်။ အိန္ဒိယမှာ Poco M2 ကို ဒီလ ၈ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ Poco X3 ကို အိန္ဒိယမှာ မိတ်ဆက်မယ်လို့ထင်ပါတယ်။

Poco က M2 Teaser ကို တွစ်တာမှာ မျှဝေထားပြီး  ဒီလ ၈ ရက်နေ့ နေ့လည် ၁၂ နာရီမှာ ကြေညာမယ်လို့ ဖော်ပြထားပါတယ်။ ပို့စ်မှာ Flipkart က အဲဒီ ဖုန်းရဲ့ ဝက်ဘ်စာမျက်နှာ Link ကို ထည့်သွင်းထားပြီး Flipkart မှာတော့ အဲဒီဖုန်းရဲ့ Specs တွေကို မဖော်ပြထားဘဲ အရွယ်ကြီး မျက်နှာပြင်၊ ဘက်ထရီနဲ့ RAM ပမာဏ များများ ထည့်သွင်းထားမယ်လို့ ရေးသားထားပါတယ်။ ဓါတ်ဖမ်းရင်လည်း ရှယ်ပဲလို့ ဖော်ပြထားပါတယ်။

Poco M2 ရဲ့ Specs တွေဟာ ဇူလိုင်လက ကြေညာခဲ့တဲ့ Poco M2 Pro လောက် မကောင်းပါဘူး။ Poco M2 Pro ကို အိန္ဒိယမှာ ရောင်းပေးထားပြီ ဖြစ်ပြီး ၁၃,၉၉၉ ရူပီး က စပါတယ်။ မြန်မာငွေ ၂ သိန်းခွဲလောက်ရှိပြီး Poco M2 ကို ရူပီး ၁၀,၀၀၀ လောက်နဲ့ ရောင်းချနိုင်တဲ့အတွက်  Poco ရဲ့ ဈေးအချိူဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Poco M2 ဟာ Redmi 9 ကို စွမ်းရည် အနည်းငယ်လျှော့ချထားတဲ့ ဗားရှင်း ဖြစ်နိုင်ပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Poco M2 ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပါတယ်။

Ref : gizmochina