Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ POCO ကနေ နောက်ထပ် Budget ဖုန်းအသစ်တစ်လုံးဖြစ်တဲ့ POCO M3 ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယခု POCO M3 ဟာ ယခင်တုန်းက ထွက်ရှိခဲ့တဲ့ POCO စမတ်ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် Design ပိုင်းမှာ သိသိသာသာကို ထူးခြားနေတာဖြစ်ပါတယ်။

အရင်ဆုံး POCO M3 ကို Power Black ၊ Cool Blue နဲ့ POCO Yellow ဆိုပြီး အရောင် ၃ ရောင်နဲ့ ရွေးချယ်နိုင်မယ့်အပြင် Camera Bump နဲ့ Logo ကို ထည့်သွင်းထားတဲ့ပုံစံက တခြားသောစမတ်ဖုန်းတွေကနေ ကွဲထွက်နေတာဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ Fingerprint Sensor ပါဝင်မှာမဟုတ်ဘဲ Power Button မှာပဲ Side-mounted အနေနဲ့ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ POCO M3 စမတ်ဖုန်းဟာ Qualcomm Snapdragon 662 Chipset ကို အသုံးပြုထားပြီး RAM 4GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 64GB သို့မဟုတ် 128GB ဆိုပြီးရွေးချယ်နိုင်မှာပါ။

Display အနေနဲ့လည်း 6.53″ Full HD+ IPS LCD Display ကိုပဲ အသုံးပြုထားတာဖြစ်ပြီး Waterdrop Notch Selfie Camera အပြင် Refresh Rate အနေနဲ့လည်း သာမန် 60Hz ကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 48MP Primary Sensor ၊ 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup အပြင် 8MP Selfie Camera ပါဝင်မယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 6000mAh Battery ပါဝင်ပြီးတော့ 18W Fast Charging နဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ POCO M3 ကို အသုံးပြုပြီး တခြားသောစမတ်ဖုန်းတွေကိုပါ USB-C Cable ကနေ တစ်ဆင့် 18W Fast Charging နဲ့ ပြန်လည်အားသွင်းပေးနိုင်မှာပါ။ ကျန်တဲ့ Stereo Speaker နဲ့ IR Blaster လိုမျိုး Feature တွေလည်းပါဝင်ဦးမှာဖြစ်ပါတယ်။

POCO M3 ဟာ Software ပိုင်းအနေနဲ့ကတော့ Android 10 OS ကိုမှ MIUI 12 ကို အခြေခံထားတဲ့ Poco Launcher နဲ့ပွဲထွက်လာမှာဖြစ်ပြီး Android 11 ကိုလည်း Update ရရှိမယ်လို့ သိရပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ပုံမှန်အားဖြင့် 64GB Version ကို $149 (မြန်မာငွေ ၂ သိန်းဝန်းကျင်) နဲ့ 128GB Version ကို $169 (မြန်မာငွေ ၂ သိန်း ၂ သောင်းဝန်းကျင်) နဲ့ရောင်းချမှာဖြစ်ပြီး လောလောဆယ်မှာ 64GB Version ကို $129 (မြန်မာငွေ ၁ သိန်း ၇ သောင်းဝန်းကျင်) နဲ့ 128GB Version ကို $149 (မြန်မာငွေ ၂ သိန်းဝန်းကျင်) နဲ့ စျေးလျော့ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။

Ref – GSM Arena