ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ Poco M3 ကို ကြေညာခဲ့ပြီး 4GB RAM နဲ့ 64GB UFS 2.1 / 128GB UFS 2.2 Storage တွေ ပါလာပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်က အင်ဒိုနီးရှားမှာ ကြေညာခဲ့တဲ့ မော်ဒယ်မှာ 4GB RAM အပြင် 6GB RAM ပါ ရွေးချယ်နိုင်ပါတယ်။

အိန္ဒိယမှာ Poco M3 ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Poco က အဲဒီမော်ဒယ်အတွက် 6GB RAM Version ပဲ ထုတ်လုပ်ထားမယ်လို့ မကြာခင်က တွစ်တာမှာ အသိပေးကြေညာခဲ့ပါတယ်။ 4GB RAM မော်ဒယ် မထွက်လာတော့ပါဘူး။

The Poco M3 will be the last device from the company with input from Xiaomi  - NotebookCheck.net News

Poco ဟာ အိန္ဒိယမှာ ရောင်းမယ့် M3 ရဲ့ Storage တွေကို မပြောသေးပေမယ့် 64GB နဲ့ 128GB Storage တွေ ပါလာနိုင်ပါတယ်။

Poco က အိန္ဒိယမှာ ရောင်းမယ့် M3 ရဲ့ Specs အသေးစိတ်ကို မပြောသေးပေမယ့် Flipkart ဝက်ဘ်ဆိုက်မှာ 48MP အပါအဝင် ကင်မရာ ၃ လုံးနဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီတွေ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

Ref : gsmarena