Xiaomi ရဲ့ Poco ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက M4 Pro 5G ကို ကြေညာခဲ့ပြီး Poco M4 Pro အမည်ရ 4G Version ကို ဒီလ ၂၈ ရက်နေ့ ချပြတော့မှာပါ။ Poco က မကြာခင်ကပဲ M4 Pro ရဲ့ လုပ်ဆောင်ချက် အနည်းငယ်ကို အတည်ပြုခဲ့ပြီး ၆.၄၃ လက်မ FullHD+ 90Hz Super AMOLED မျက်နှာပြင် ပါလာမှာပါ။ အမြင့်ဆုံး Brightness အနေနဲ့ 1,000 nits ထည့်သွင်းထားပြီး စတီရီယို စပီကာ ၂ လုံး တပ်ဆင်ထားမှာပါ။ ကြော်ငြာတွေ မပါဘဲ ရိုးရှင်းတဲ့ UI ပါတဲ့ Poco Launcher 2.0 မောင်းနှင်ထားမှာပါ။

POCO M4 Pro 4G

အခုလည်း Poco က M4 Pro ရဲ့ ဒီဇိုင်းနဲ့ အရောင်တွေကို တရားဝင် ပြောကြားလိုက်ပါတယ်။ M4 Pro ရဲ့ ဒီဇိုင်းဟာ 5G မော်ဒယ်နဲ့ ဆင်တူပြီး Punch Hole မျက်နှာပြင် တပ်ဆင်ထားကာ ကင်မရာ Island ဟာ အရွယ်ကြီးမားပါတယ်။ အနောက်ကင်မရာ ၃ လုံးက 64MP Main , 8MP Ultrawide နဲ့ 2MP Macro တွေ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာ အနေနဲ့ 16MP တပ်ဆင်ထားပါတယ်။

POCO M4 Pro 4G

Poco M4 Pro အတွက် Power Black , Poco Yellow နဲ့ Cool Blue အရောင်တွေ ထုတ်လုပ်ထားပြီး အထူက ၈.၀၉ မီလီမီတာနဲ့ အလေးချိန်က ၁၇၉.၅ ဂရမ်ရှိကာ IP53 Rating ပါလာမှာပါ။ Poco မျှဝေထားတဲ့ ဓါတ်ပုံ ၁ ပုံအရ AMOLED မျက်နှာပြင် ပါလာပေမယ့် လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။

Poco က ဘက်ထရီနဲ့ Processor သတင်းအချက်အလက်တွေကို မပြောသေးပေမယ့် မနက်ဖြန်မှာ M4 Pro ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာပါ။ မိတ်ဆက်ပွဲကို Poco ရဲ့ YouTube Channel ကနေ ပြသမှာ ဖြစ်ပါတယ်။

Ref : gsmarena