Poco က M6 ကို နိုင်ငံတကာ ဝက်ဘ်ဆိုက်မှာ ကြေညာလိုက်ပါတယ်။ 6.79” IPS LCD FHD+ Display တပ်ဆင်ထားပြီး 550 Nits Brightness, 90Hz Refresh Rate  နဲ့ DC Dimming ထောက်ပံ့ထားပါတယ်။

Poco M6

Punch Hole မှာ 13MP ကင်မရာနဲ့ အနောက်ဘက်မှာ 108MP Main , 2MP Macro ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားတဲ့အတွက် ပရီမီယမ် ဒီဇိုင်း ဖြစ်ပါတယ်။ Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

Helio G91 Ultra Chipset မောင်းနှင်ထားပြီး 8GB LPDDR4x RAM နဲ့ 256GB eMMC 5.1 Storage အထိ ထည့်သွင်းထားပါတယ်။ microSD Card စိုက်နိုင်တဲ့ Hybrid SIM Slot ပါပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး Dual SIM, 4G VoLTE, WiFi, Bluetooth 5.4 , NFC နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Poco M6 4G To Launch on June 11 with Affordable Price and Pro-Grade Camera - Gizchina.com

အရွယ်အစား အပြည့်အစုံက 168.6 x 76.28 x 8.3mm နဲ့ အလေးချိန်က ၂၀၅ ဂရမ် ဖြစ်ပါတယ်။ Poco M6 ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့တဲ့ Redmi 13 4G ကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။

Poco M6 အတွက် 6/128GB နဲ့ 8/256GB Version ထုတ်လုပ်ထားပြီး ၁၂၉ နဲ့ ၁၄၉ ဒေါ်လာ အသီးသီး ကျသင့်ပါတယ်။ Black , Silver နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina