Poco က မကြာသေးခင်ကမှ Poco M7 Plus 5G ကို အိန္ဒိယမှာ မိတ်ဆက်ခဲ့ပြီး အခုအခါမှာတော့ Poco M7 4G ကို ကမ္ဘာတစ်ဝန်းမှာ ထပ်မံမိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းမှာ ကြီးမားတဲ့ 6.9-inch FHD+ 144Hz display၊ Snapdragon 6-series chipset နဲ့ 7,000mAh ဘက်ထရီတို့ ပါဝင်တာပဲ ဖြစ်ပါတယ်။

Poco M7 4G

Poco M7 4G မှာ 144Hz refresh rate အထိနဲ့ 288Hz touch sampling rate ကို ထောက်ပံ့ပေးတဲ့ 6.9-inch IPS LCD display ပါဝင်ပါတယ်။ Display ရဲ့ တောက်ပမှုက ပုံမှန်အားဖြင့် 700 nits ရှိပြီး high brightness mode မှာ 850 nits အထိ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အပြာရောင်အလင်းတန်းကို လျှော့ချပေးတာ၊ မျက်စိမစူးအောင် ကာကွယ်ပေးတာနဲ့ ပုံမှန်အိပ်စက်မှုကို အထောက်အကူပြုတာတွေအတွက် TÜV Rheinland အသိအမှတ်ပြုလက်မှတ်တွေလည်း ရရှိထားပါတယ်။

Poco M7 4G | 144Hz Refresh Rate, Snapdragon 685, And Massive 7,000mAh  Battery

Poco M7 4G မှာ Snapdragon 685 chipset ကို တပ်ဆင်ထားပါတယ်။ Storage အနေနဲ့ 6GB RAM နဲ့ 128GB storage၊ 8GB RAM နဲ့ 256GB storage ဆိုပြီး ရွေးချယ်စရာတွေ ပါဝင်ပါတယ်။ RAM ကို နောက်ထပ် 8GB အထိ တိုးချဲ့နိုင်ပြီး microSD ကတ်ကိုတော့ 2TB အထိ ထပ်စိုက်နိုင်ပါတယ်။ အဲဒီစမတ်ဖုန်းမှာ 33W အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးတဲ့ 7000mAh ဘက်ထရီ ပါဝင်ပါတယ်။

ဓာတ်ပုံရိုက်ကူးဖို့အတွက် ကျောဘက်မှာ 1080p 30fps ဗီဒီယို ရိုက်ကူးနိုင်တဲ့ 50-megapixel main camera ပါဝင်ပါတယ်။ ရှေ့ဘက်မှာတော့ 1080p 30fps အထိ ဗီဒီယိုရိုက်ကူးနိုင်တဲ့ 8-megapixel ကင်မရာတစ်လုံး ပါဝင်ပါတယ်။ ဖုန်းမှာ Android 15 ကို အခြေခံထားတဲ့ HyperOS 2.0 ပါဝင်လာပါတယ်။ တခြားသတ်မှတ်ချက်တွေအနေနဲ့ ဘေးဘက်လက်ဗွေရာစနစ်၊ AI မျက်နှာဖြင့် ဖုန်းဖွင့်တဲ့စနစ်၊ Hi-Res audio၊ Dolby Atmos၊ NFC၊ Bluetooth 5.0၊ Wi-Fi (2.4GHz/5GHz)၊ IR blaster နဲ့ ရေစင်တာနဲ့ ဖုန်ဒဏ်ကို ခံနိုင်တဲ့ IP64 အဆင့် သတ်မှတ်ချက်တွေ ပါဝင်ပါတယ်။

Poco M7 4G ကို AliExpress မှာ ၁၄၇ ဒေါ်လာ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ အရောင်အနေနဲ့ အနက်၊ အပြာနဲ့ ငွေရောင်ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ အမျိုးအစားအနေနဲ့ 6GB+128GB နဲ့ 8GB+256GB ဆိုပြီး နှစ်မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref : gizmochina