Poco ဟာ အိန္ဒိယနိုင်ငံမှာ Poco M7 Plus 5G လို့ခေါ်တဲ့ budget smartphone အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ M series ရဲ့ နောက်ဆုံးထွက်ဖုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လက ထွက်ရှိခဲ့တဲ့ M6 Plus ရဲ့ နောက်မျိုးဆက်ဖုန်း ဖြစ်ပါတယ်။
Poco M7 Plus မှာ 7,000 mAh silicon-carbon ဘက်ထရီအကြီးစားကို သုံးထားပြီး 33W အားသွင်းစနစ်နဲ့ 18W reverse charging စနစ်တွေကို ထောက်ပံ့ပေးထားပါတယ်။ သတ်မှတ်ထားတဲ့ category တွေမှာ “အပါးလွှာဆုံး” ဖုန်းတွေအဖြစ် ကြေညာနေတဲ့ brand တွေရဲ့ ခေတ်စားနေတဲ့ trend အတိုင်းပဲ Poco က M7 Plus ဟာ 7,000 mAh ဘက်ထရီပါဝင်တဲ့ ဖုန်းတွေထဲမှာ အပါးလွှာဆုံးဖြစ်ပြီး 8.4mm ပဲထူတယ်လို့ ဆိုပါတယ်။
Poco ရဲ့ M series ဖုန်းအသစ်မှာ 144Hz refresh rate ရှိတဲ့ 6.9 လက်မအရွယ် Full HD+ LCD display ကို သုံးထားပါတယ်။ အမြင့်ဆုံး brightness 550 nits ရှိပြီး Corning Gorilla Glass 3 နဲ့ ကာကွယ်ပေးထားပါတယ်။ display မှာ 8 MP ရှေ့ကင်မရာအတွက် punch-hole ဒီဇိုင်းကို သုံးထားပါတယ်။
M7 Plus မှာ octa-core Snapdragon 6s Gen 3 SoC ကို သုံးထားပြီး RAM 8 GB အထိနဲ့ storage 128 GB တို့နဲ့ တွဲဖက်ပေးထားပါတယ်။ မိုက်တဲ့အချက်က storage ကို 2TB အထိ တိုးချဲ့နိုင်မယ့် microSD slot လည်း ပါဝင်ပါတယ်။
ကျောဘက်မှာ 50 MP main sensor နဲ့ ဘာမှန်းမသိရသေးတဲ့ ဒုတိယကင်မရာတစ်လုံး ပါဝင်တဲ့ ကင်မရာနှစ်လုံးတွဲစနစ်ကို တပ်ဆင်ထားပါတယ်။ AI Dynamic Shot, AI Eraser နဲ့ AI Sky replacement တို့လို AI feature တစ်ချို့လည်း ပါဝင်ပါတယ်။ ဒီဖုန်းဟာ Android 15 ကို အခြေခံထားတဲ့ Hyper OS နဲ့ လည်ပတ်မှာဖြစ်ပြီး OS update နှစ်နှစ်နဲ့ security patch လေးနှစ်စာ ရရှိမယ်လို့ ကတိပေးထားပါတယ်။ Poco ဟာ ဒီဖုန်းမှာ Google Gemini ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Poco M7 Plus 5G မှာ IP64 rating၊ ဘေးဘက်လက်ဗွေစနစ်၊ IR blaster တို့ ပါဝင်ပြီး အလေးချိန် ၂၁၇ ဂရမ် ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ Aqua Blue, Carbon Black နဲ့ Chrome Silver ဆိုတဲ့ အရောင်တွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ 6 GB/128 GB မော်ဒယ်အတွက် ဈေးနှုန်းက အိန္ဒိယရူပီး ၁၃,၉၉၉ ($160) ကနေ စတင်ပြီး 8 GB/128 GB မော်ဒယ်ကတော့ ရူပီး ၁၄,၉၉၉ ($170) ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: gsmarena