Poco Pad 5G ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး အရင်က ကြေညာထားတဲ့ Poco Pad နဲ့ အဓိက ကွာခြားချက် တစ်ခု ပါလာပါတယ်။ အဲဒါကတော့ 5G ဆက်သွယ်မှု ဖြစ်ပါတယ်။ ကျန်တဲ့ Specs တွေက မော်ဒယ် ၂ ခုစလုံးမှာ တူညီပြီး 12.1” IPS LCD (FHD+ 120Hz) Display ပါပါတယ်။ Snapdragon 7s Gen 2 Chipset မောင်းနှင်ထားပြီး 33W Charging ထောက်ပံ့တဲ့ 10,000mAh Battery ပါပါတယ်။

Poco Pad 5G launched with Snapdragon 7s Gen 2 chipset and 10,000mAh  battery; see price and specs - BusinessToday

Software အကြောင်းပြောရရင် Android 14 အခြေပြု Xiaomi HyperOS မောင်းနှင်ထားပြီး တခြား Poco ၊ Xiaomi Device တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အဲဒီအထဲမှာ Clipboard ကို မျှဝေ အသုံးပြုတာ၊ Device များစွာမှာ မှတ်စုမှတ်သားတာ၊ ဖုန်းမှ App တွေကို တက်ဘလက်မှာ အသုံးပြုတာတို့ ပါဝင်ပါတယ်။

Poco Pad 5G is official with Snapdragon 7s Gen 2 and cellular connectivity

Poco Pad 5G ကို Poco Smart Pen ၊ Poco Keyboard Accessory တို့နဲ့ တွဲဖက် အသုံးပြုနိုင်ပြီး အဲဒါတွေကို သီးခြား ရောင်းချပေးမှာ ဖြစ်ပါတယ်။

Poco Pad အတွက် Cobalt Blue နဲ့ Pistachio Green အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၂၈၆ ဒေါ်လာနဲ့ 8/256GB ကို ၃၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့မှာ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena