Poco က ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ Poco Pad လို့ အမည်ပေးထားပြီး အလုပ်လုပ်ဖို့နဲ့ ဂိမ်းကစားဖို့ ရည်ရွယ်ထုတ်လုပ်ထားပါတယ်။

Poco Pad unveiled with 12.1'' 120Hz LCD and Snapdragon 7s Gen 2

Poco Pad မှာ 12.1” 120Hz LCD Display တပ်ဆင်ထားပြီး 2.5K Resolution နဲ့ 600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Dolby Atmos ပါတဲ့ စပီကာ ၄ လုံးပါလာပြီး Display မှာ ဗီဒီယိုကြည့်တဲ့အခါ မြင့်မားတဲ့ ရုပ်ထွက်ရစေဖို့ Dolby Vision ထောက်ပံ့ထားပါတယ်။

Poco Pad unveiled with 12.1'' 120Hz LCD and Snapdragon 7s Gen 2

ဗီဒီယိုတွေကို ၁၆ နာရီကြာ  ကြည့်နိုင်တဲ့ 10,000mAh Battery ထည့်သွင်းထားပြီး 33W Charging  ထောက်ပံ့ထားကာ Poco က ၁၅ မိနစ်အားသွင်းရင် ၂၆ နာရီ သီချင်းနားထောင်နိုင်တယ်လို့ ပြောပါတယ်။

Poco Pad unveiled with 12.1'' 120Hz LCD and Snapdragon 7s Gen 2

Poco Pad ကို Snapdragon 7s Gen 2 မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage ပါပါတယ်။ 1.5TB microSD Card စိုက်နိုင်ပါတယ်။ HyperOS မောင်းနှင်ထားပြီး HyperOS ဖုန်းတွေနဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်ပါတယ်။ ဖုန်း Screen ကို တက်ဘလက်မှာ ကြည့်နိုင်ပြီး ဖုန်းနဲ့ တက်ဘလက်အကြားမှာ ဖိုင်တွေကို Drag and Drop လုပ်နိုင်ပါတယ်။ Shared Clipboard ကိုလည်း သုံးနိုင်ပါတယ်။

Poco Pad unveiled with 12.1'' 120Hz LCD and Snapdragon 7s Gen 2

Poco Pad အတွက် Gray နဲ့ Blue အရောင် ထုတ်လုပ်ထားပါတယ်။ Poco Pad Cover နဲ့ Poco Pad Keyboard , Poco Smart Pen ကိုလည်း ထုတ်လုပ်ထားပြီး ဒေါ်လာ ၂၀ ၊ ၈၀ နဲ့ ၆၀ အသီးသီး သတ်မှတ်ထားပါတယ်။ တက်ဘလက်ရဲ့ ဈေးနှုန်းက ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်။

Ref : gsmarena