Flipkart က Big Shopping Days Sale ကို ပြုလုပ်ပေးနေပြီး အိန္ဒိယမှာ လူကြိုက်များတဲ့ Poco X2 ကိုလည်း ရောင်းပေးထားပါတယ်။ 6/64GB ကို ၁၅,၉၉၉ ရူပီး ၊ 6/128GB ကို ၁၆,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၊ ၃ သိန်း ၂ သောင်းနဲ့ ၃ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။
အရင်က Poco X2 ကို အကန့်အသတ်နဲ့ အချိန်ကာလ ၁ ခုအတွင်း ရောင်းပေးခဲ့ပြီး နောက်ပိုင်းမှာ ပစ္စည်းပြတ်လို့ ဝယ်မရခဲ့ပါဘူး။ အခုတော့ မတ်လ ၂၂ ရက်နေ့အထိ ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ Flipkart က 6GB Models အတွက် ၁၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်လို့ ကြော်ငြာနေပါတယ်။
Poco X2 မှာ Snapdragon 730G SoC နဲ့ Android 10 အခြေပြု MIUI 11 ထည့်သွင်းထားပါတယ်။ ၆.၆၇ လက်မ Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz ထောက်ပံ့တဲ့အတွက် မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက အရမ်း လန်းမှာပါ။ 27W Charging ပါတဲ့ 4,500mAh ဘက်ထရီက လန်းပါတယ်။
မျက်နှာပြင် ညာဘက်ထိပ်နားမှာ ဆေးတောင့်ပုံ Punch Hole တပ်ဆင်ထားပြီး 20MP နဲ့ 2MP ဆဲလ်ဖီး ကင်မရာ ၂ လုံး ထည့်ထားပါတယ်။ အနောက်ဘက်မှာ 64MP Sony IMX686 Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။ Atlantis Blue, Matrix Purple နဲ့ Phoenix Red အရောင် ၃ မျိုးထုတ်လုပ်ထားပါတယ်။
Poco X2 ရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ USB-C Port ကနေ အားသွင်းရင် ၊ ဒေတာ ကူးရင် မြန်ပါတယ်။ 3.5mm Headphone Jack ပါလာပြီး Liquid Cool နည်းပညာက အပူကို ၃၀၀ ရာခိုင်နှုန်း ပိုမြန်အောင် စုပ်ယူပေးတယ်လို့ Poco က ပြောပါတယ်။ IR Blaster , VoWiFi , Hi-Res Sound နဲ့ ရေစက်ရေပေါက်တွေကို ကာကွယ်ပေးတဲ့ P2i ပါပါတယ်။
Ref : gsmarena